ရှေ့သို့
Image

လာလီဂါပွဲစဉ် (၃၃) အလာဗက်စ်-ဆယ်လ်တာဗီဂို ပွဲကြိုခန့်မှန်းချက် (ည ၁၁:၀၀)

10:09 AM, 27 April

အလာဗက်စ်-ဆယ်လ်တာဗီဂို ဒဏ်ရာရပွဲပယ်
-------------
အလာဗက်စ် - အက်ဘ်ဘာ၊ မာရင်(ပွဲပယ်ပြစ်ဒဏ်)၊ ဆီဒလာ(သေချာပေါက်လွဲ)၊ ဂျီမက်နက်ဇ်၊ ဆီမြွန်နီ၊ ဒူအာတီ(မသေချာ)
ဆယ်လ်တာဗီဂို - လာဆင်(ပွဲပယ်ပြစ်ဒဏ်)၊ အိုင်ဒူး(သေချာပေါက်လွဲ)၊ ကားလို့စ်ဒိုတာ၊ ရီစတစ်၊ တာပီယာ(သေချာပေါက်လွဲ)

ထိပ်တိုက်တွေ့ဆုံမှုတွေအရ အလာဗက်စ်ကို ဆယ်လ်တာဗီဂို ပြတ်ပြတ်သားသား အသာစီးရယူထားနိုင်ပါတယ်။ လက်ရှိအမှတ်ပေးဇယားရပ်တည်မှုအပိုင်းမှာတော့ အလာဗက်စ်က အသာနေပြီး ဆယ်လ်တာဗီဂိုက တန်းမဆင်းရရေးအတွက် ရုန်းကန်နေရပါတယ်။ နှစ်သင်းလုံးက နောက်ဆုံးကစားထားတဲ့ပွဲစဉ်တွေမှာ ရလဒ်တွေကောင်းမွန်ခဲ့ပြီး အေတီကို၊ လက်စ်ပါးမားတို့လို အသင်းကောင်းတွေကို အနိုင်ယူခဲ့ပါတယ်။ တစ်ခုသတိထားရမှာ အလာဗက်စ်ရဲ့အိမ်ကွင်းခံကန်အားဖြစ်ပြီး နောက်ဆုံးငါးပွဲမှာ ဆိုစီဒက်ကိုပဲ အရေးနိမ့်ထားပါတယ်။ ဒီတစ်ကြိမ်တော့ အိမ်ရှင်တွေကို ယုံကြည်ကြည့်ချင်တယ်။
 
အလာဗက်စ် - ဆယ်လ်တာဗီဂို ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
---------------------------------------------------------
ဆယ်လ်တာဗီဂို ၁ - ၁ အလာဗက်စ် (၂၈-စက်တင်ဘာ-၂၀၂၃)
ဆယ်လ်တာဗီဂို ၄ - ၀ အလာဗက်စ် (၇-မေ-၂၀၂၂)
အလာဗက်စ် ၁ - ၂ ဆယ်လ်တာဗီဂို (၂၇-နိုဝင်ဘာ-၂၀၂၁)
အလာဗက်စ် ၁ - ၃ ဆယ်လ်တာဗီဂို (၄-ဧပြီ-၂၀၂၁)
ဆယ်လ်တာဗီဂို ၂ - ၀ အလာဗက်စ် (၂၀-ဒီဇင်ဘာ-၂၀၂၀)
.
အလာဗက်စ် နောက်ဆုံး (၅) ပွဲရလဒ်
-----------------------------------
အလာဗက်စ် ၂ - ၀ အက်သလက်တီကို (၂၁-ဧပြီ-၂၀၂၄)
ဂရန်နာဒါ ၂ - ၀ အလာဗက်စ် (၁၄-ဧပြီ-၂၀၂၄)
အလာဗက်စ် ၀ - ၁ ဆိုစီဒက် (၃၁-မတ်-၂၀၂၄)
ဘီလ်ဘာအို ၂ - ၀ အလာဗက်စ် (၁၇-မတ်-၂၀၂၄)
အလာဗက်စ် ၁ - ၀ ဗယ်လီကာနို (၁၀-မတ်-၂၀၂၄)
.
ဆယ်လ်တာဗီဂို နောက်ဆုံး (၅) ပွဲရလဒ်
-----------------------------------
ဆယ်လ်တာဗီဂို ၄ - ၁ လက်စ်ပါးမား (၂၀-ဧပြီ-၂၀၂၄)
ဘက်တစ် ၂ - ၁ ဆယ်လ်တာဗီဂို (၁၃-ဧပြီ-၂၀၂၄)
ဆယ်လ်တာဗီဂို ၀ - ၀ ဗယ်လီကာနို (၃၁-မတ်-၂၀၂၄)
ဆီဗီလာ ၁ - ၂ ဆယ်လ်တာဗီဂို (၁၇-မတ်-၂၀၂၄)
ရီးရဲလ်မက်ဒရစ် ၄ - ၀ ဆယ်လ်တာဗီဂို (၁၁-မတ်-၂၀၂၄)

#လာလီဂါ #ပွဲကြိုသုံးသပ်ချက် #အလာဗက်စ် #ဆယ်လ်တာဗီဂို