ရှေ့သို့
Image

ဟားဗက်ဇ်က ကျွန်တော်နဲ့တူပါတယ်လို့ ပြောကြားလိုက်တဲ့ ဖာဘရီဂက်စ်

2:16 PM, 28 April

အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း ဖာဘရီဂက်စ်က ကိုင်ဟားဗက်ဇ်ကို ချီးကျူးစကာား ပြောကြားလိုက်ပါတယ်။ ယခုရက်သတ္တပတ် ချဲလ်ဆီးအား အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဟားဗက်ဇ်က ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

Planet Premier League ပေါ့တ်ကာစ်သို့ ဖာဘရီဂက်စ်က "ကျွန်တော်က ကိုယ့်အကြောင်းပြောရတာ မကြိုက်ပါဘူး။ ဒါပေမယ့် ဟားဗက်ဇ်က ဘာစီလိုနာမှာရှိခဲ့တဲ့ ကျွန်တော့်ကို နည်းနည်း သတိရစေပါတယ်။ ကျွန်တော်ဟာ သူကစားနေတဲ့ Fals Nine နှင့် နံပါတ် ၈ နေရာတွေမှာ ကစားဖူးပါတယ်။ သူဘယ်လို ခံစားရမလဲဆိုတာ ကျွန်တော် အတိအကျသိပါတယ်" "အခုချိန်မှာ သူက အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်လို ခံစားရတဲ့အတွက် ကောင်းပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူက နောက်ပွဲမှာ ဘယ်နေရာမှာ ကစားမလဲဆိုတာကို သေချာမသိရပါဘူး။ ဒါက စိတ်ရှုပ်ဖို့တော့ ကောာင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခါတရံမှာ တစ်နေရာတည်းမှာ ကစားရတာ ပိုကောင်းပါတယ်" "ဒါပေမယ့် အခုပါတေး ပြန်လာပါပြီ ဒါက အာဆင်နယ်အတွက် ကောင်းမွန်တဲ့ သတင်းပါပဲ" "ဒါဆိုရင် ဒီကလန်ရိုက်စ်က နံပါတ် ၈ အဖြစ် ပိုကစားလာနိုင်မှာပါ။ နောက်ပြီး အိုဒိဂတ်လည်း ရှိပါသေးတယ်။ ဒါကြောင့် အခုကစပြီး ဟာဗက်ဇ်ရဲ့နေရာက နံပါတ် ၉ ဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါက အာဆင်နယ်ကစားချင်တဲ့ပုံစံမျိုးနဲ့ သူ့အတွက် အရမ်းသင့်တော်ပါတယ်" လို့ ပြောပါတယ်။

#လီဗာပူး #ဟားဗက်ဇ် #ဖာဘရီဂတ်စ် #ပရီးမီးယားလိဂ်