ရှေ့သို့
Image

လီဗာပူး၊ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ကို ကျော်ဖြတ်ပြီး အိုလီဆီကို ခေါ်ယူဖို့ အခြေအနေအကောင်းဆုံးဖြစ်နေတဲ့ ယူနိုက်တက်

2:51 PM, 3 May

မန်ချက်စတာယူနိုက်တက်ဟာ လီဗာပူး၊ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ကို ကျော်ဖြတ်ပြီး ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမား မိုက်ကယ် အိုလီဆီကိုခေါ်ယူဖို့ အခြေအနေအကောင်းဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ဦးဆောင်မှုနဲ့အတူ အပြောင်းအလဲတွေပြုလုပ်ဖို့ တာစူနေတဲ့ ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ ကစားသမားသစ်တွေခေါ်ယူဖို့ အဓိကပစ်မှတ်ထားနေပြီး အိုလီဆီက အဓိက ပစ်မှတ်တွေထဲက တစ်ခုဖြစ်တယ်လို့သတင်းတွေက ဖော်ပြနေကြပါတယ်။ အသင်းရဲ့ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ အလီဂျန်ဒရိုဂါနာချို၊ ကိုဘီမိုင်နူးနဲ့ ဟွိုက်လန်းတို့ကလွဲပြီး အခြားကစားသမားတွေအားလုံးကို အရောင်းစာရင်းတင်ထားတယ်ဆိုတဲ့ သတင်းနဲ့အတူ ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့လို တောင်ပံကစားသမားတွေကို အဓိက ရောင်းချသွားဖွယ်ရှိနေပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ စုစုပေါင်း ၅၂ ဂိုးသာ သွင်းယူထားနိုင်တာကြောင့် အမှတ်ပေးဇယား ထိပ်ဆုံး ၁၀ သင်းမှာ ရဂိုးအနည်းဆုံးအသင်းဖြစ်နေပြီး ဘုန်းမောက်နဲ့ တူညီတဲ့ ဂိုးသွင်းနှုန်းရှိနေတာဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့အတူ ဒီရာသီမှာ ၁၆ ပွဲကစားပြီး ၇ ဂိုးအထိသွင်းယူထားနိုင်တဲ့ အိုလီဆီကတော့ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် ဂိုးသွင်းအများဆုံး ရာသီတစ်ခုကို ပိုင်ဆိုင်ထားပေမယ့် အသင်းဘက်ကတော့ သင့်တင့်တဲ့ဈေးနှုန်းကိုရရှိမယ်ဆိုရင် ကစားသမားကို လက်လွှတ်သွားဖွယ်ရှိနေပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဘက်က ကစားသမားကို စာချုပ်သစ် ချုပ်ဆိုထားသော်လည်း အသင်းကနေ ရောင်းချမယ်ဆိုရင်တော့ ပေါင် ၅၀ နဲ့ ၆၀ အကြားတောင်းဆိုသွားမယ်လို့ သိရပါတယ်။ လီဗာပူးနဲ့ အာဆင်နယ်တို့က ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ အိုလီဆီကို ဆွဲဆောင်နိုင်တယ်လို့ဆိုသော်လည်း ယူနိုက်တက်က လက်ရှိအချိန်မှာတော့ ကစားသမားကိုခေါ်ယူဖို့ အခွင့်အရေးအများဆုံး ဖြစ်နေတယ်လို့သိရပါတယ်။

လီဗာပူးနဲ့အာဆင်နယ်တို့လို အိုလီဆီကို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဆွဲဆောင်နိုင်ခြင်းမရှိတဲ့ ချဲလ်ဆီးကတော့ ပြီးခဲ့တဲ့နွေရာသီမှာ ပြင်သစ်လူငယ်ကစားသမားကို ခေါ်ယူဖို့ နီးစပ်ခဲ့တဲ့အပြင် လက်ရှိရာသီမှာလည်း ကမ်းလှမ်းမှုတွေပြုလုပ်ဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ ရလဒ်ကောင်းတွေ တောက်လျှောက်ပုံဖော်ထားနိုင်ပြီး နောက်ဆုံး ၄ ပွဲမှာ ရှုံးပွဲမရှိဘဲ ၃ ပွဲအထိ အနိုင်ရထားတဲ့ ခရစ္စတယ်ပဲလေ့စ်ဟာ လာမယ့် တနင်္လာနေ့မှာတော့ ယူနိုက်တက်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #အာဆင်နယ် #ပရီးမီးယားလိဂ် #အိုလီဆီ