ရှေ့သို့
Image

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒု-အကျော့ ပွဲစဉ်မှ ရီးရဲလ်မက်ဒရစ် - ဘိုင်ယန်မြူးနစ် ပွဲကြိုခန့်မှန်းချက် (နံနက် ၁း၃၀)

10:42 AM, 8 May

ရီးရဲလ်မက်ဒရစ် ဒဏ်ရာရလူစာရင်း - ချူအာမန်နီ(မသေချာ)
ဘိုင်ယန်မြူးနစ် ဒဏ်ရာရလူစာရင်း - ကိုးမန်း၊ ဘူချနန်၊ ဆား၊ ဘိုယေး၊ ဂွါရဲရိုး(သေချာပေါက်လွဲ)၊ ဒိုင်ယာ၊ ဒီလစ်ချ်(မသေချာ)

ထူးခြားချက်များ
========
မရှိ

ခန့်မှန်းချက်
======
ရီးရဲလ်မက်ဒရစ်က စနေညမှာ လာလီဂါချန်ပီယံဖြစ်သွားပြီဖြစ်လို့ ဒီပွဲအတွက် သေချာအာရုံစိုက်ကစားလာဖို့ ရှိနေပါတယ်။ ရီးရဲလ်ဟာ ဒီနှစ်ရာသီ အိမ်ကွင်းရှုံးပွဲမရှိစံချိန်ရရှိထားတာကြောင့် ယနေညပွဲမှာ ယုံကြည်မှုအပြည့်နဲ့ကစားလာဖို့ ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်က စတုဂတ်ကို ဂိုးပြတ်ရှုံးပြီးတဲ့နောက် အဆင့်၂နေရာကိုပါ ထိခိုက်လာနိုင်လို့ ဘွန်ဒက်စ်လီဂါဘက်ကို အာရုံစိုက်ရပါဦးမယ်။ တူချယ်က ချန်ပီယံလိဂ်နဲ့ ကံစပ်တယ်ဆိုပေမယ့် ဘုရင်ကြီးရီးရဲလ်ကိုတော့ မက်ဒရစ်မြေမှာ အနိုင်ရဖွယ်မရှိလို့ အိမ်ရှင်နဲ့ပဲ ရပ်တည်ချင်ပါတယ်။

 
ရီးရဲလ်မက်ဒရစ် - ဘိုင်ယန်မြူးနစ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
---------------------------------------------------------------------
ဘိုင်ယန်မြူးနစ် ၃ - ၁ ရီးရဲလ်မက်ဒရစ် (၂၁-ဇူလိုင်-၂၀၁၉)
ရီးရဲလ်မက်ဒရစ် ၂ - ၂ ဘိုင်ယန်မြူးနစ် (၂-မေ-၂၀၁၈)
ဘိုင်ယန်မြူးနစ် ၁ - ၂ ရီးရဲလ်မက်ဒရစ် (၂၆-ဧပြီ-၂၀၁၈)
ရီးရဲလ်မက်ဒရစ် ၄ - ၂ ဘိုင်ယန်မြူးနစ် (၁၉-ဧပြီ-၂၀၁၇)
ဘိုင်ယန်မြူးနစ် ၁ - ၂ ရီးရဲလ်မက်ဒရစ် (၁၃-ဧပြီ-၂၀၁၇)
.
ရီးရဲလ်မက်ဒရစ် နောက်ဆုံး (၅) ပွဲရလဒ်
-----------------------------------
ရီးရဲလ်မက်ဒရစ် ၃ - ၀ ကာဒီဇ် (၄-မေ-၂၀၂၄)
ဘိုင်ယန်မြူးနစ် ၂ - ၂ ရီးရဲလ်မက်ဒရစ် (၁-မေ-၂၀၂၄)
ဆိုစီဒက် ၀ - ၁ ရီးရဲလ်မက်ဒရစ် (၂၇-ဧပြီ-၂၀၂၄)
ရီးရဲလ်မက်ဒရစ် ၃ - ၂ ဘာစီလိုနာ (၂၂-ဧပြီ-၂၀၂၄)
မန်စီးတီး ၁ - ၁ ရီးရဲလ်မက်ဒရစ် (၁၈-ဧပြီ-၂၀၂၄)
.
ဘိုင်ယန်မြူးနစ် နောက်ဆုံး (၅) ပွဲရလဒ်
--------------------------------------
စတုဂတ် ၃ - ၁ ဘိုင်ယန်မြူးနစ် (၄-မေ-၂၀၂၄)
ဘိုင်ယန်မြူးနစ် ၂ - ၂ ရီးရဲလ်မက်ဒရစ် (၁-မေ-၂၀၂၄)
ဘိုင်ယန်မြူးနစ် ၂ - ၁ ဖရန့်ဖတ် (၂၇-ဧပြီ-၂၀၂၄)
ယူနီယံဘာလင် ၁ - ၅ ဘိုင်ယန်မြူးနစ် (၂၀-ဧပြီ-၂၀၂၄)
ဘိုင်ယန်မြူးနစ် ၁ - ၀ အာဆင်နယ် (၁၈-ဧပြီ-၂၀၂၄)

#ပွဲကြိုသုံးသပ်ချက် #ရီးရဲလ်မက်ဒရစ် #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ်