ရှေ့သို့
Image

ဘယ်သူမှမိမိတို့အသင်းဖိုင်နယ် တက်ရောက်နိုင်လိမ့်မယ်လို့ မထင်ခဲ့ကြောင်း မာကိုရူးစ် ပြောကြား

12:27 PM, 8 May

ဒေါ့မွန်အသင်း ကွင်းလယ်လူ မာကိုရူးစ်က ဘယ်သူမှ မိမိတို့အသင်းဖိုင်နယ်တက်ရောက်နိုင်လိမ့်မယ်လို့ မထင်ခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။

ဒေါ့မွန်ဟာ ၂၀၁၃ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ၂၀၁၃ တုန်းက ဖိုင်နယ်မှာ ဘိုင်ယန်ကို အရေးနိမ့်ပြီး ဆုဖလားနဲ့ လက်လွှတ်ခဲ့ရပါတယ်။ အခုတစ်ကြိမ်မှာတော့ ပီအက်စ်ဂျီကို ၂ ကျော့ပေါင်းရလဒ် ၂-၀ နဲ့ကျော်ဖြတ်ပြီး ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

“မနက်ဖြန်မှာ ကျွန်တော်တို့လုပ်နိုင်မယ်ဆိုတာ ဘယ်သူမှမထင်ခဲ့ကြပါဘူး။ အခုတော့ သူတို့ဒေါ့မွန်ကို ချန်ပီယံလိဂ်ဖိုင်နယ်မှာ မြင်နေရပါပြီ။ ဒီနေ့မှာ ကျွန်တော်တို့ပစ်မှတ်က ရှင်းလင်းပြတ်သားခဲ့ပါတယ်။ ကံကောင်းမှုအချို့လည်း လိုအပ်ခဲ့ပြီး ကောင်လေးတွေလုပ်ပြခဲ့တာက တကယ့်ရူးချင်စရာပါ”လို့ မာကိုရူးစ်က ပြောကြားခဲ့ပါတယ်။

အသက် ၃၄ နှစ်သားဟာ သောကြာနေ့တုန်းက ရာသီအကုန်မှာ ငယ်ဘဝကလပ်ကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပါတယ်။ မာကိုရူးစ်ဟာ ၂၀၁၂ တုန်းက ဒေါ့မွန်ကိုပြန်လည် ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ ဒေါ့မွန်ဟာ ဘိုင်ယန် ဒါမှမဟုတ် ရီးရဲလ်နဲ့ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဒေါ့မွန်ဟာ ဆီမီးဖိုင်နယ် ၂ ကျော့စလုံးမှာ ကံကောင်းခဲ့ပြီး ပီအက်စ်ဂျီက တိုင်ထိကန်ချက် ၆ ကြိမ်အထိ ရှိခဲ့ကာ အဲ့ထဲက ၄ ကြိမ်က အင်္ဂါနေ့မှာ ထိခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို နောက်ခံလူ ဟမ်မဲလ်က သွင်းယူပေးခဲ့ပါတယ်။

#ဒေါ့မွန် #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ် #မာကိုရူးစ်