ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ ကြွေးကြော်လိုက်တဲ့ ကာဗာဂျယ်လ်

4:23 PM, 8 May

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ကာဗာဂျယ်လ်က ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် အပြောင်းအလဲတွေကိုကျော်ဖြတ်ကာ အသင်းကို ဦးဆောင်ပေးခြင်းအတွက် နည်းပြ အန်ဆယ်လော့တီကို ချီးကျူးဂုဏ်ပြုဖို့ ဆန္ဒရှိနေခဲ့ပါတယ်။

ကာဗာဂျယ်လ်က “နည်းပြနဲ့ သူ့ဝန်ထမ်းတွေက ဒီနှစ်အောင်မြင်မှုတွေရဲ့ အဓိကပိုင်ရှင်ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘန်ဇီးမား၊ အဆန်စီယိုတို့ ထွက်ခွာသွားမှုကို အရမ်းကောင်းတဲ့ ကစားသမား ခေါ်ယူမှုတွေနဲ့အတူ ကျွန်တော်တို့ တုံ့ပြန်ခဲ့ကြပါတယ်။ ဒီနောက်မှာတော့ ကာလရှည်ဒဏ်ရာပြဿနာရှိလာခဲ့ပါတယ်။ ကြည့်လိုက်ပါ၊ ကိန်းဂဏန်းတွေက ဒါကို ပြောပြနေပါတယ်။ ကျွန်တော်တို့တွေ ချန်ပီယံလိဂ်ဖလားအရယူနိုင်ဖို့ နှစ်ပွဲပဲ ကစားရပါတော့မယ်။ နည်းပြကတော့ ကျွန်တော်တို့ရဲ့ အသိဉာဏ်တွေကို ဖွင့်လှစ်ပေးထားပြီး သိသင့်တာမှန်သမျှ အကုန်သင်ကြားပေးနေပါတယ်။ ရည်မှန်းချက်တွေ ပြည့်မြောက်သွားဖို့က အဓိကပါပဲ”လို့ ပြောပါတယ်။

ဒါ့အပြင် ကာဗာဂျယ်လ်က လက်ရှိအချိန်အထိ အန်ဆယ်လော့တီ အားထားနိုင်တဲ့ကစားသမားဖြစ်နေလို့ ကျေနပ်အားရနေပါတယ်။ သူက “ကျွန်တော်က တိုက်စစ်ကို လိုက်ပါကူညီပေးနေရတယ်ဆိုပေမယ့် ကျွန်တော်တို့အားလုံးမှာ တာဝန်ကိုယ်စီရှိကြပါတယ်။ စနစ်ကတော့ ဘယ်ပြိုင်ဘက်ပဲဖြစ်ဖြစ်၊ ဝင်ရောက်ကစားနေတဲ့ ဘယ်သူပဲဖြစ်ဖြစ် ထိန်းညှိပေးသွားပါတယ်။ ဘယ်နေရာမှာ ပွဲထွက်ကစားရတာပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ အသင်းကို ပံ့ပိုးကူညီပေးကြပါတယ်”လို့ ဆိုပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်နဲ့ ပတ်သက်လို့ နည်းပြအန်ဆယ်လော့တီဟာ စိုးရိမ်ပူနေတယ်ဆိုတာ ကာဗာဂျယ်လ် သိပါတယ်။ ကာဗာဂျယ်လ်က “နည်းပြကတော့ တဖြည်းဖြည်းနဲ့ ပိုပြီး စိတ်ပူပန်လာပါတယ်။ ကျွန်တော်တို့တွေ ဖိုင်နယ်မတိုင်ခင် တစ်ပွဲအလိုမှာ ရောက်ရှိနေပါတယ်။ ကျွန်တော်ကတော့ ဒါကို ခံစားနိုင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်ရဲ့အာရုံကြောထဲမှာရှိတဲ့ ခွန်အားတွေကို မဆုံးရှုံးစေဘဲ အရာရာတိုင်းကို ဖယ်ရှားပစ်သွားဖို့ မျှော်လင့်ထားပါတယ်။ ကလပ်အသင်းဘက်က ဒီလမ်းကြောင်းအတိုင်းပဲ တောင်းဆိုထားပြီး ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီအတိုင်း ပိုလိုချင်ပါတယ်။ ကျွန်တော်တို့တွေက အောင်မြင်မှုတွေနဲ့ ပတ်သက်ပြီး အထင်ကြီးလောက်စရာ ဆယ်စုနှစ်တစ်ခုတာ ကာလကို တည်ဆောက်ပုံဖော်ထားနိုင်ပါတယ်။ ဒီနေ့ညပိုင်း ပွဲစဉ်မှာလည်း အခုအောင်မြင်မှုမှတ်တမ်းကို ဆက်လက်တိုးချဲ့သွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။

#ရီးရဲလ်မက်ဒရစ် #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ် #ကာဗာဂျယ်