ရှေ့သို့
Image

လာလီဂါပွဲစဉ် (၃၆) ဆယ်လ်တာဗီဂို-ဘီလ်ဘာအို ပွဲကြိုခန့်မှန်းချက် (နံနက် ၂:၃၀)

3:19 PM, 15 May

ဆယ်လ်တာဗီဂို-ဘီလ်ဘာအို ဒဏ်ရာရပွဲပယ်
-------------
ဆယ်လ်တာဗီဂို - အိုင်ဒူး၊ တာပီယာ၊ ကားလက်စ်ပီရက်ဇ်၊ ရီစတစ်၊ ဆွိဘတ်(သေချာပေါက်လွဲ)
ဘီလ်ဘာအို - ဘာချီချီ၊ ဒီဂါလာရက်တာ၊ ဒါနီဗီဗီယန်၊ အိုဟန်ဆန်ကတ်၊ ဂူရူဇီတာ(သေချာပေါက်လွဲ)

လာလီဂါမှာ တန်းတင်ကျန်နိုင်ဖို့ ဆယ်လ်တာဗီဂိုတို့ လက်ရှိကိုပါဒယ်လ်ရေးချန်ပီယံကို အိမ်ကွင်းမှာ အနိုင်ယူသွားဖို့ လိုအပ်နေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ အေတီကိုနဲ့ပွဲစဉ်မှာလည်း ဆယ်လ်တာတို့ အမှတ်ခွဲဝေယူနိုင်ဖို့ အတော်လေးနီးစပ်ခဲ့ပေမယ့် ဒီပေါလ်ရဲ့နောက်ကျဂိုးကြောင့်သာ ရှုံးနိမ့်ခဲ့ရတာပါ။

ဘီလ်ဘာအိုကလည်း မာယော့ကာကို အနိုင်ယူပြီး ကိုပါဒယ်လ်ရေးချန်ပီယံဖြစ်ပြီးကတည်းက ရလဒ်တွေ ယိမ်းယိုင်သွားပါတယ်။ အထူးသဖြင့် ကိုပါဒယ်လ်ရေးဖိုင်နယ်အပြီး နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ငါးခုမှာ တစ်ပွဲသာ အနိုင်ရရှိခဲ့လို့ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ကို လက်လွှတ်ရဖို့ နီးစပ်နေပါပြီ။ ဖွင့်လှစ်မှုအရ အိမ်ကွင်းမာဂုဏ်ပြသနေတဲ့ ဆယ်လ်တာကတောင် ကြေးပါးပါးလေးပြန်ပေးထားပြီး ဂိုးပေါင်းကြေးလည်း မပြင်းရှလှပါဘူး။ အိမ်ရှင်တို့ အနည်းဆုံးသရေရမယ်လို့ ထင်မိတယ်။


ဆယ်လ်တာဗီဂို - ဘီလ်ဘာအို ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
-----------------------------------------------------------------
ဘီလ်ဘာအို ၄ - ၃ ဆယ်လ်တာဗီဂို (၁၁-နိုဝင်ဘာ-၂၀၂၃)
ဘီလ်ဘာအို ၂ - ၁ ဆယ်လ်တာဗီဂို (၂၀-မေ-၂၀၂၃)
ဆယ်လ်တာဗီဂို ၁ - ၀ ဘီလ်ဘာအို (၃၀-ဇန်နဝါရီ-၂၀၂၃)
ဘီလ်ဘာအို ၀ - ၂ ဆယ်လ်တာဗီဂို (၁၇-ဧပြီ-၂၀၂၂)
ဆယ်လ်တာဗီဂို ၀ - ၁ ဘီလ်ဘာအို (၂၈-သြဂုတ်-၂၀၂၁)
.
ဆယ်လ်တာဗီဂို နောက်ဆုံး (၅) ပွဲရလဒ်
-----------------------------------
အက်သလက်တီကို ၁ - ၀ ဆယ်လ်တာဗီဂို (၁၂-မေ-၂၀၂၄)
ဆယ်လ်တာဗီဂို ၃ - ၂ ဗီလာရီးရဲလ် (၅-မေ-၂၀၂၄)
အလာဗက်စ် ၃ - ၀ ဆယ်လ်တာဗီဂို (၂၇-ဧပြီ-၂၀၂၄)
ဆယ်လ်တာဗီဂို ၄ - ၁ လက်စ်ပါးမား (၂၀-ဧပြီ-၂၀၂၄)
ဘက်တစ် ၂ - ၁ ဆယ်လ်တာဗီဂို (၁၃-ဧပြီ-၂၀၂၄)
.
ဘီလ်ဘာအို နောက်ဆုံး (၅) ပွဲရလဒ်
------------------------------
ဘီလ်ဘာအို ၂ - ၂ အိုဆာဆူနာ (၁၂-မေ-၂၀၂၄)
ဂီတာဖေး ၀ - ၂ ဘီလ်ဘာအို (၄-မေ-၂၀၂၄)
အက်သလက်တီကို ၃ - ၁ ဘီလ်ဘာအို (၂၈-ဧပြီ-၂၀၂၄)
ဘီလ်ဘာအို ၁ - ၁ ဂရန်နာဒါ (၂၀-ဧပြီ-၂၀၂၄)
ဘီလ်ဘာအို ၁ - ၁ ဗီလာရီးရဲလ် (၁၄-ဧပြီ-၂၀၂၄)

#လာလီဂါ #ပွဲကြိုသုံးသပ်ချက် #ဘီလ်ဘာအို #ဆယ်လ်တာဗီဂို