ရှေ့သို့
Image

ဆော်ဒီရောက်ကစားသမားဘဝအကြောင်း မန်စီးတီးကြယ်ပွင့် ဒီဘရိုင်းဆီ ရှင်းပြလာတဲ့ ကူလီဘာလေ

2:34 PM, 11 June

အခုသီတင်းပတ်အတွင်း ဆော်ဒီနိုင်ငံရောက် ဘောလုံးသမားဘဝအကြောင်း မန်စီးတီးကြယ်ပွင့်ဒီဘရိုင်းဆီ ပြောပြပေးမှုတွေ ရှိလာပါပြီ။

ဘယ်လ်ဂျီယံသားက ဆော်ဒီပရိုလိဂ်ရဲ့စွဲဆောင်မှုမြင့်မားလာရေး လုပ်ဆောင်ပေးနိုင်မယ့်သူအဖြစ် သတ်မှတ်ခံထားရသူတွေအနက် တစ်ဦးအဖြစ် ပါဝင်နေပါတယ်။ ဒီဘရိုင်းကိုယ်တိုင်လည်း ကစားသမားဘဝနှောင်းပိုင်းအတွက် များပြားတဲ့လုပ်ခလစာရရှိနိုင်ရေး ဖြစ်နိုင်ခြေတွေအကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

နာပိုလီနဲ့ ချဲလ်ဆီးနောက်ခံလူဟောင်း ကူလီဘာလေက “အစပိုင်းမှာတော့ ဘယ်သူမှ ဆော်ဒီပရိုလိဂ်အကြောင်း သိပ်မသိခဲ့ကြပါဘူး။ ဒါကပဲ ကျွန်တော့်အတွက် ကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် စီရော်နယ်ဒို၊ ဘန်ဇီးမား၊ ကန်တီတို့ ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့သွားတာကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ ကန်တီဆိုရင် ချဲလ်ဆီးမှာ ကျွန်တော်နဲ့ တွဲဖက်ကစားဖူးပါတယ်။ ဒါကြောင့် ကျွန်တော်လည်း ကိုယ့်ရဲ့ဆန္ဒအတိုင်း ရွေးချယ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော် ချဲလ်ဆီးနဲ့အတူ ခက်ခဲတဲ့တစ်နှစ်တာကာလကို ဖြတ်သန်းခဲ့ရပြီး တခြားအရာတွေကိုလည်း မြင်တွေ့ချင်ခဲ့ပါတယ်။ သူတို့ ကျွန်တော့်ဆီ ဆက်သွယ်လာချိန်မှာ ကျွန်တော် ကလပ်အသင်းအကြောင်း စတင်လေ့လာခဲ့ပါတယ်။ ဒီနေ့၊ ဒီကလပ်အသင်းမှာ ရှိနေရလို့ ကျွန်တော် အရမ်းပျော်ရွှင်နေရပြီ”လို့ ပြောပါတယ်။

ကူလီဘာလေက ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ရဲ့ ဗဟိုခံစစ်မှူးအဖြစ် ကစားပေးနေပါတယ်။

#မန်စီးတီး #ဒီဘရိုင်း #ကူလီဘာလေ #ပရီးမီးယားလိဂ်