The network connection is lost.

Banner Image

ယူနိုက်တက်ဂန္ထဝင်က ဗန်ဒိုက်ထက်ပိုကောင်းတယ်လို့ သူ့အမြင်ကိုပြောကြားလိုက်တဲ့ ဝက်စ်ဘရောင်း

အခုအပတ်မှာကစားမယ့် လီဗာပူး နဲ့ ယူနိုက်တက်ပွဲမတိုင်ခင် ယူနိုက်တက်ဂန္ထဝင်ဟောင်း ဝက်စ်ဘရောင်းက ဗန်ဒိုက်ထက် အသင်းဖော်ဟောင်း ဖာဒီနန်က ပိုကောင်းတယ်ဆိုတာကို ပြောကြားလိုက်ပါတယ်။ အန်ဖီးလ်မှာကစားမယ့်ပွဲမတိုင်ခင် ဘရောင်းက အကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ် အသင်းဖော်ဟောင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ လီဗာပူးအသင်းခံစစ်ကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့ပေမယ့် ဘရောင်းက ဖာဒီနန်ကို ယှဉ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလို့ ထောက်ပြခဲ့ပါတယ်။

“အကောင်းဆုံးနောက်ခံလူကိုရွေးပါဆိုရင် ကျွန်တော် ဗန်ဒိုက်ထက် ဖာဒီနန်ကိုပဲရွေးမှာပါ။ မှန်ပါတယ်။ ကျွန်တော် ဘက်လိုက်သလိုဖြစ်နိုင်ပေမယ့် ခင်ဗျားရီယိုတစ်ယောက် ဘာလုပ်ပြခဲ့လဲဆိုတာကို မြင်နိုင်ပါတယ်။ တစ်ဦးချင်းအရ သူက အရာအားလုံးလုပ်နိုင်ပါတယ်။ သူက ဖျက်ထုတ်ပြီးချိန်မှာလည်း အော်ဟစ်တာတွေလုပ်တတ်ပါတယ်။ ပြီးတော့ ပွဲအခြေအနေကိုလည်း ဖတ်နိုင်သလို လျင်မြန်မှုလည်းရှိပါတယ်။ နေရာမှန်မှာလည်း အမြဲတမ်းရှိနေတတ်ပါတယ်။ ပြီးတော့ ယူနိုက်တက်နဲ့အတူလည်း ဆုဖလားတွေအများကြီးယူထားနိုင်ပါတယ်။

သူ နဲ့ ဗီဒစ်အတွဲက အခြားသူတွေအားကျရတဲ့အတွဲပါ။ ခင်ဗျားအနေနဲ့ အခုလိုမျိုးအတွဲညီတာမျိုးလိုချင်မှာပါ။ သူတို့ ၂ ယောက်အတွဲမှာက သူ့အရည်အချင်းနဲ့သူရှိပါတယ်။ ရီယိုကတော့ ပိုကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ဘရောင်းက ဖြေကြားခဲ့ပါတယ်။ ဗန်ဒိုက်ဟာ ကလော့ပ်လက်အောက်မှာအပြင် အခုစလော့လက်အောက်မှာပါ စွမ်းဆောင်ရည်ကောင်းပြသနေတာဖြစ်ပါတယ်။ ဘရောင်းက လက်ရှိမော်ဒန်ဘောလုံးလောကမှာ ဗန်ဒိုက်ကအကောင်းဆုံးဖြစ်တာကိုတော့ လက်ခံထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘရောင်းက ဘယ်ခေတ်မဆို ဖာဒီနန်က ပိုသာလွန်တယ်လို့ ယုံကြည်နေပါတယ်။ “တစ်ဦးချင်းအနေအထားအရပြောမယ်ဆိုရင် ရီယိုက ဗန်ဒိုက်အထက်မှာရှိနေပါတယ်။ ဒါပေမယ့် အဲ့တာက မိုင်တွေခြားနေတာမဟုတ်ပါဘူး”လို့ ဘရောင်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဗန်ဒိုက်ဟာ ၂၀၁၉ တုန်းက ဘော်လွန်းဒီအော်ဆုလျာထားစာရင်းမှာ မက်ဆီရဲ့နောက်ဒုတိယနေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။