The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူကာ စပိန်ဘုရင့်ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာ ၃ - ၂ ရီးရဲလ်မက်ဒရစ် (အချိန်ပို)

မိနစ်၉၀အတွင်း နှစ်ဂိုးစီသရေဖြစ်နေခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ရာမှာ ဘာစီလိုနာက ကွန်ဒီရဲ့ အဝေးကန်ချက်နဲ့ ရီးရဲလ်မက်ဒရစ်ကိူ အနိုင်ယူကာ စပိန်ဘုရင့်ဖလားချန်ပီယံ ဖြစ်လာခဲ့ပါတယ်။
ပွဲပြီးခါနှီးမှာ ကွင်းဘေးက ရူဒီဂါတစ်ယောက် ကွင်းလယ်ဒိုင်ကို ပြင်းထန်စွာ စောဒကတက်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပါတယ်။
ဘာစီလိုနာအသင်းဟာ ၂၀၂၁ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဘုရင့်ဖလားကိူ ပြန်လည်ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။