The network connection is lost.

Banner Image

စပိန်မြေမှာ အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး သရေကျသွားတဲ့ ဘာကာနဲ့အင်တာ

ဘာစီလိုနာ ၃-၃ အင်တာမီလန် (ပွဲပြီးရလဒ်)

စပိန်မြေမှာကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ကတော့ ဘာစီလိုနာနဲ့ အင်တာမီလန်တို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ ဧည့်သည်အင်တာမီလန်ရဲ့တန်ပြန်တိုက်စစ်တွေက အတော်လေးထက်မြက်ကောင်းမွန်ခဲ့သလို ဦးဆောင်ဂိုးတွေ အကြိမ်ကြိမ်ခွင့်ပြုပေးရမယ့် အားမလျော့ဘဲ လိုက်လံချေပခဲ့တဲ့ အိမ်ရှင်ဘာစီလိုနာရဲ့ကြိုးစားအားထုတ်မှုကိုလည်း ချီးကျူးသွားရပါမယ်။ အခုပွဲစဉ်အတွင်း အင်တာမီလန်အတွက် ဒမ်ဖရီးစ်(၂ ဂိုး)၊ မားကပ်စ်သူရမ်တို့က သွင်းဂိုးတွေရယူပေးခဲ့သလို ဘာစီလိုနာရဲ့ချေပဂိုးတွေကိုတော့ ယာမယ်လ်၊ ဖာရန်တောရက်စ်၊ ယန်းဆွန်းမား(O.G)တို့က သွင်းယူပေးခဲ့ပါတယ်။