
စပိန်မြေဂိုးပြတ်နိုင်ပွဲနဲ့အတူ ဗိုလ်လုပွဲတက်ရောက်ဖို့ အခြေအနေကောင်းသွားတဲ့ ယူနိုက်တက်
ဘီလ်ဘာအို ဝ-၃ မန်ချက်စတာယူနိုက်တက် (ပွဲပြီးရလဒ်)
အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်နာရီဝက်ဝန်းကျင်မှာပဲ ကစားသမားတစ်ဦးအသာစီးရရှိကာ သွင်းဂိုးတွေပါ ရှာဖွေနိုင်ခဲ့တဲ့ ယူနိုက်တက်တို့ အဖိုးတန်အဝေးကွင်းနိုင်ပွဲကို ရှာဖွေသွားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အတွက်သွင်းဂိုးတွေကို ကတ်စ်မဲရိုး၊ဘရူနိုဖာနန်ဒက်စ်(ပယ်နယ်တီအပါအဝင် ၂ ဂိုး)တို့က ပထမပိုင်းပွဲချိန်အတွင်း ရယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ယူနိုက်တက်က ဘီလ်ဘာအိုအိမ်ကွင်းဖြစ်တဲ့ ဆမ်မာမီးစ်မှာပဲကျင်းပမယ့် ယူရိုပါလိဂ်ဖိုင်နယ်ပွဲကြီးဆီတက်ရောက်နိုင်ရေးအတွက် အလားအလာကောင်းတွေ ပိုင်ဆိုင်သွားခဲ့ပါတယ်။
အခြားပွဲစဉ်ရလဒ်
---------------
တော့တင်ဟမ် ၃-၁ ဘိုဒိုဂလင့်