The network connection is lost.

Banner Image

စတမ်းဖို့ဒ်ဘရစ်ချ်နိုင်ပွဲနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ခြေတစ်လှမ်းတိုးလာနိုင်တဲ့ ချဲလ်ဆီး

ချဲလ်ဆီး ၃-၁ လီဗာပူး (ပွဲပြီးရလဒ်)

ပရီမီးယားလိဂ်ထိပ်သီးအသင်းနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုဖြစ်လို့ အကြိတ်အနယ်ရှိတဲ့ပွဲစဉ်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ ချဲလ်ဆီးအတွက် သွင်းဂိုးတွေကိုတော့ အန်ဇိုဖာနန်ဒက်ဇ်၊ ကွင်ဆာ(O.G)နဲ့ ပယ်လ်မာ(ပင်နယ်တီ)တို့က သွင်းယူပေးခဲ့ပြီး လီဗာပူးအတွက် တစ်လုံးတည်းသောချေပဂိုးကို ဗန်ဒိုက်က သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ချဲလ်ဆီးရဲ့ရာသီကုန်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးမျှော်လင့်ချက် အားကောင်းလာခဲ့ပါတယ်။