
ရီးရဲလ်မက်ဒရစ်ကို ဂိုးပြတ်အနိုင်ယူကာ ဗိုလ်လုပွဲကို တက်ရောက်သွားတဲ့ ပီအက်စ်ဂျီ
ပီအက်စ်ဂျီ ၄ - ၀ ရီးရဲလ်မက်ဒရစ် (ပွဲပြီးရလဒ်)
ပီအက်စ်ဂျီအသင်းက ပထမပိုင်းက ဂိုးပြတ်ရလဒ်ကြောင့် ဒုတိယပိုင်းမှာ ကစားအားချခဲ့သလို အဓိက ကစားသမားတွေကိုလည်း အနားပေးခဲ့ပေမယ့် ပွဲပြီးခါနီး ဂွန်ကာလိုရာမို့စ်က ဂိုးထပ်သွင်းနိုင်ခဲ့တာကြောင့် လေးဂိုးပြတ်အနိုင်နဲ့ ဗိုလ်လုပွဲကို တက်သွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်က ဒုတိယပိုင်းမှာ အပြောင်းအလဲတွေလုပ်ခဲ့ပေမယ့် ခြေစွမ်းက အားရစရာမရှိခဲ့ဘဲ ခံစစ်ပိုင်းဆိုးရွားမှုနဲ့အတူ ဂိုးပြတ်အရေးနိမ့်ကာ ဆီမီးဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဗိုလ်လုပွဲမှာတော့ ချဲလ်ဆီးနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။