
ဆာလက်ရဲ့ နာကျင်အချိန်ပို ပင်နယ်တီဂိုးနဲ့အတူ အဖိုးတန်နိုင်ပွဲရခဲ့တဲ့ လီဗာပူး
ဘန်လေ ၀ - ၁ လီဗာပူး (ပွဲပြီးရလဒ်)
လီဗာပူးအသင်းဟာ ယနေ့ညပွဲစဉ်အတွင်း တစ်ပွဲလုံး ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့ပေမဲ့ တိုက်စစ်ပိုင်းက အားရစရာမရှိခဲ့ဘဲ ဆာလက်ရဲ့နောက်ဆုံးမိနစ် ပင်နယ်တီဂိုးကြောင့်သာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
အီဆက်မပါနိုင်သေးချိန် တိုက်စစ်ပိုင်းက ဆာလက်၊ ဂတ်ပိုတို့ ရုန်းကန်ခဲ့ရပြီး ဘန်လေခံစစ်ကို ကျော်ဖြတ်နိုင်ဖို့ ခက်ခဲခဲ့ပါတယ်။
ဘန်လေကတော့ ယူနိုက်တက်၊ လီဗာပူးတို့ကို နှစ်ပွဲဆက် နောက်ကျပင်နယ်တီတွေနဲ့ချည်း ရှုံးနိမ့်ခဲ့တာကြောင့် အတော်လေးကံဆိုးတဲ့အသင်းလို့ပဲ ပြောရတော့မှာ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ လီဗာပူးအသင်း အနိုင်ရကာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ဇယားထိပ်တက်ရောက်နိုင်ခဲ့ပါတယ်။