The network connection is lost.

Banner Image

ဘီလ်ဘာအိုကို နှစ်ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံလိဂ် အဖွင့်လှခဲ့တဲ့ အာဆင်နယ်

ဘီလ်ဘာအို ၀ - ၂ အာဆင်နယ် (ပွဲပြီးရလဒ်)

အာဆင်နယ်အသင်းဟာ ယနေ့ညပွဲစဉ်မှာ ခြေစွမ်းပိုင်းကောင်းမွန်ခဲ့ခြင်းမရှိပေမဲ့ လိုအပ်နေတဲ့ နိုင်ပွဲတစ်ခုကို ရယူသွားနိုင်ခဲ့ပါတယ်။
ပထမပိုင်းအတွင်းအလုပ်မဖြစ်ခဲ့တဲ့ အီဇီနဲ့ ယောကရက်စ်ကို လူစားလဲခဲ့တဲ့ အာတီတာရဲ့ လူစားပုံကလည်း မှန်ကန်ခဲ့ပြီး လူစားဝင်ကစားသမား မာတင်နယ်လီ၊ ထရိုဆက်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်နိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပါတယ်။
ဘီလ်ဘာအိုကတော့ အိမ်ကွင်းအားနဲ့ အကောင်းဆုံးကစားနိုင်ခဲ့ပေမဲ့ မထင်မှတ်ဘဲ သွင်းဂိုးနှစ်ဂိုးပေးလိုက်ရတာကြောင့် ရှုံးပွဲနဲ့ကြုံခဲ့ရပါတယ်။