
မာဆေးလ်ကိုအကြိတ်အနယ်ယှဉ်ပြိုင်ကစားကာ အနိုင်ယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ် ၂-၁ မာဆေးလ် (ပွဲပြီးရလဒ်)
အခုဘာနေဗျူးကွင်းချန်ပီယံလိဂ်ညချမ်းမှာ နှစ်ဖက်အသင်းကစားသမားတွေ အပြန်အလှန်ဖိအားတိုက်စစ်ဆင်ကစားခဲ့မှုနဲ့အတူ အကြိတ်အနယ်ရှိတဲ့ပွဲစဉ်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ အခုပွဲစဉ်ရဲ့အဖွင့်ဂိုးကို ဝီယာရဲ့ထိုးဖောက်ကန်သွင်းမှုမှတဆင့် မာဆေးလ်တို့ရရှိခဲ့ပြီး အိမ်ရှင်တွေအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးကိုတော့ အမ်ဘာပေက ပထမပိုင်းနဲ့ ဒုတိယပိုင်းပွဲချိန်အတွင်း ပယ်နယ်တီမှတဆင့် သွင်းယူပေးခဲ့ပါတယ်။ ဘရိုက်တန်နည်းပြဟောင်းဒီဇာဘီဦးဆောင်လာတဲ့ မာဆေးလ်ကတော့ စပိန်မြေမှာ အနိမ့်ဆုံးတစ်မှတ်နဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပေမဲ့ ကံမကောင်းအကြောင်းမလှဘဲ အမှတ်ဗလာနဲ့သာ အိမ်ပြန်သွားခဲ့ရပါတယ်။