
အမ်းမရိတ်စ်မှာ တစ်မှတ်စီခွဲဝေယူခဲ့တဲ့ အာဆင်နယ်နဲ့မန်စီးတီး
အာဆင်နယ် ၁-၁ မန်စီးတီး (ပွဲပြီးရလဒ်)
ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းနှစ်ခုရဲ့ ထိပ်တိုက်တွေ့ဆုံမှုက နည်းဗျူဟာပိုင်းယှဉ်ပြိုင်မှုတွေနဲ့အတူ စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပွဲချိန်အစောပိုင်းမှာတင် ဟာလန်းက မန်စီးတီးအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့လို့ ဂန်းနားတို့ ဖိအားတွေအောက် ရောက်ရှိသွားခဲ့ပါတယ်။ လက်ကျန်ပွဲကစားချိန်တွေမှာ အာဆင်နယ်ကပဲ တိုက်စစ်မြှင့်ကစားခဲ့ပေမယ့် ချေပဂိုးနဲ့တော့ ဝေးကွာနေခဲ့ပါတယ်။ သာမန်ပွဲကစားချိန်အပြီး နာကျင်အချိန်ပိုမှာတော့ လူစားဝင်ကစားသမားမာတင်နယ်လီက အိမ်ရှင်တွေအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးခဲ့လို့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အာတီတာရဲ့အသင်းက အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ လီဗာပူးနဲ့ ငါးမှတ်အထိ ကွာဟသွားခဲ့ပါတယ်။