The network connection is lost.

Banner Image

ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အက်သလက်တီကို ကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ အာဆင်နယ်

အာဆင်နယ် ၄ - ၀ အက်သလက်တီကို (ပွဲပြီးရလဒ်)

ပထမပိုင်းအတွင်း နှစ်သင်းစလုံး အပြန်အလှန်ထိန်းကစားနေတာကြောင့် ပွဲကပျင်းစရာကောင်းခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ တိုက်စစ်ဖွင့်လာတဲ့ အာဆင်နယ်က ဂိုးတွေဆက်တိုက်သွင်းယူကာ ဂိုးပြတ်နိုင်ပွဲဖန်တီးသွားနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ အာဆင်နယ်က တည်ကန်ဘောကနေ သွင်းဂိုးနှစ်ဂိုးသွင်းယူသွားပြီး Set-Piece FC ဆိုတာကို ထပ်မံသက်သေပြသွားခဲ့ပါတယ်။
ဒါ့အပြင် ကာလရှည်ဂိုးပေါက်ပျောက်နေတဲ့ ယောကရက်စ်လည်း သွင်းဂိုးနှစ်ဂိုးရခဲ့လို့ အာဆင်နယ်အတွက် ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။