The network connection is lost.

Banner Image

ပရီးမီးယားလိဂ်နောက်ဆုံးလေးပွဲဆက်ရှုံးနိမ့်ခဲ့တဲ့ လက်ရှိချန်ပီယံလီဗာပူး

ဘရန့်ဖို့ဒ် ၃-၂ လီဗာပူး (ပွဲပြီးရလဒ်)

အခုပွဲစဉ်မှာ အိမ်ရှင်ဘရန့်ဖို့ဒ်က ပြိုင်ဘက်ထက် ပိုမိုကောင်းမွန်တဲ့ခြေစွမ်းမျိုးပြသပြီး အဖိုးတန်သုံးမှတ်အပြည့်ကို ထိုက်ထိုက်တန်တန်ရယူခဲ့ပါတယ်။ အိမ်ရှင်တွေအတွက် ပထမပိုင်းပွဲချိန်အတွင်း ဒန်ဂိုအူယက်တာရာနဲ့ ရှာဒီတို့က ဦးဆောင်ဂိုးကိုယ်စီသွင်းယူခဲ့ပြီး ပထမပိုင်းနာကျင်အချိန်ပိုမှာ ကာကက်ဇ်က ဧည့်သည်တွေအတွက် ဗွေဆော်ဦးချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်း အီဂေါသီယာဂိုက ပယ်နယ်တီမှတဆင့် နောက်ထပ်ဦးဆောင်ဂိုးသွင်းယူသွားခဲ့ပြီး ပွဲချိန်နှောင်းပိုင်းမှာတော့ မိုဆာလက်က ဒုတိယမြောက်ချေပဂိုးကို သွင်းယူသွားခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် လီဗာပူးက လိဂ်နောက်ဆုံးလေးပွဲဆက်ရှုံးနိမ့်မှုမှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပြီး လက်ရှိချန်ပီယံဘွဲ့ကိုကာကွယ်နိုင်ဖို့အတွက် တိုးတက်မှုများစွာပြသနိုင်ဖို့ လိုအပ်လာပါတယ်။