ကြိုးကြာလေးတွေရဲ့ခြေလှမ်းအတိုင်း ထပ်ချပ်မကွာလိုက်နေတဲ့ သရဲနီ
မန်ချက်စတာယူနိုက်တက် ၁-၁ ဝက်စ်ဟမ်း (ပွဲပြီးရလဒ်)
ယမန်နေ့ညပိုင်း၊ အန်ဖီးလ်မှာ လီဗာပူးတို့ ဆန်းဒါးလန်းနဲ့သရေကျခဲ့သလို အခုညပိုင်းမှာလည်း ယူနိုက်တက်က ဝက်စ်ဟမ်းကို အိုးထရက်ဖို့ဒ်မှာ အမှတ်ခွဲဝေပေးလိုက်ရပါတယ်။ အခုပွဲစဉ်အနိုင်ရရှိမယ်ဆိုရင် ယူနိုက်တက်က အမှတ်ပေးဇယားထိပ်ဆုံးငါးသင်းစာရင်းဆီ ဝင်ရောက်နိုင်ဖို့ရှိပေမယ့် ဒီအခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး။ ဒီနေ့ပွဲစဉ်ရဲ့အဖွင့်ဂိုးကို ဒုတိယပိုင်းပွဲချိန်မှာ ဒါလော့က သွင်းယူခဲ့ပြီး ဧည့်သည်တွေအတွက် ချေပဂိုးကိုတော့ ပွဲချိန်နှောင်းပိုင်းမှာ ကွင်းလယ်ကစားသမားမာဂတ်စ်ဆာက သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ပွဲကျပ်ကာလကိုဖြတ်သန်းနေရပြီး တန်းဆင်းဇုန်မှလွတ်မြောက်ဖို့ကြိုးပမ်းနေတဲ့ ဝက်စ်ဟမ်းတို့ ပရီးမီးယားလိဂ်နောက်ဆုံးငါးပွဲမှာ တစ်ပွဲသာရှုံးနိမ့်တဲ့မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။