The network connection is lost.

Banner Image

အနာဂတ်အစီအစဉ်ထဲမှာ မိုဆာလက်ပါဝင်နေဆဲပဲလို့ အတိအလင်းထုတ်ပြောလာတဲ့ အန်းစလော့

Sky Sports ရဲ့သတင်းတစ်ရပ်အရ ဆော်ဒီဘက်မှ စိတ်ဝင်စားမှုအသစ်တွေ ရှိထားပေမယ့် လီဗာပူးနည်းပြအန်းစလော့ကတော့ အသက်-၃၃ နှစ်အရွယ်တိုက်စစ်မှူးမိုဆာလက်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ထင်ကြေးပေးမှုတွေကို ငြိမ်သက်သွားစေဖို့ လှုပ်ရှားလုပ်ဆောင်ခဲ့ပါတယ်။
မိုဆာလက်က လီဗာပူးရဲ့နောက်ဆုံးပွဲစဉ်နှစ်ခုမှာ ပွဲထွက်ခွင့်ဆုံးရှုံးခဲ့ပါတယ်။ အခုလို သူ့ရဲ့အခန်းကဏ္ဍလျှော့ချခံရမှုကြောင့် အသက်-၃၃ နှစ်အရွယ်ကစားသမားအနေဖြင့် လာမယ့်ဇန်နဝါရီမှာ အန်ဖီးလ်မှထွက်ခွာဖို့ဆန္ဒရှိမယ်ဆိုရင် ဆော်ဒီပရိုလိဂ်ကလပ်တွေရဲ့ ကြီးမားတဲ့လှုပ်ရှားမှုတစ်ခုရှိလာလိမ့်မယ်လို့ သတင်းတွေအရ သိရပါတယ်။
ဒါပေမဲ့ အန်းစလော့ကတော့ မိုဆာလက်ရဲ့လတ်တလောချန်လှပ်ခံရမှုကို လီဗာပူးရဲ့ရေရှည်အနာဂတ်အတွက် ပြောင်းလဲမှုတစ်ခုအဖြစ် မယူဆသင့်ဘူးလို့ ဒီည၊ လိဒ်နဲ့ပွဲစဉ်မတိုင်ခင် ရှင်းရှင်းလင်းလင်းထုတ်ပြောခဲ့ပါတယ်။
အန်းစလော့က “ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေ အများကြီးရှိတာကြောင့် လူတိုင်းကို ပွဲထွက်ခွင့်ပေးချင်ပါတယ်။ မိုဆာလက်ကိုယ်တိုင်လည်း ကျွန်တော်တို့အသင်းအတွက် အကောင်းဆုံးပေးဆပ်ခဲ့ပါတယ်။ သူ့ကို ပွဲထွက်ခွင့်ပေးဖို့ပဲဖြစ်ဖြစ်၊ လူစားဝင်ကစားစေဖို့ပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့အတွေးထဲမှာ အမြဲရှိပါတယ်”လို့ ပြောပါတယ်။
၂၀၁၇ ခုနှစ်၊ လီဗာပူးဆီရောက်ရှိလာပြီးကတည်းက တည်ဆောက်ထားနိုင်ခဲ့တဲ့ မိုဆာလက်ရဲ့သြဇာအရှိန်အဝါကြောင့် အငြင်းပွားမှုတွေ မလွှဲမသွေရှိလာနိုင်ပေမယ့် အလှည့်ကျစနစ်ဆိုတာ ယှဉ်ပြိုင်မှုပြင်းထန်တဲ့ လူစာရင်းတစ်ခုရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့ အန်းစလော့က ရှင်းပြခဲ့ပါတယ်။
အန်းစလော့က “ ဒီကလပ်အသင်းမှာ မိုဆာလက်ရဲ့သြဇာလွှမ်းမိုးမှုက ခြောက်နှစ်၊ ခုနစ်နှစ်လောက် ရှိပါပြီ။ သူ ပါဝင်ကစားခြင်းမရှိချိန် လူတွေ ပြောနေဆိုနေမယ်ဆိုတာ ပုံမှန်အခြေအနေတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူက ကျွန်တော်တို့အတွက် အလွန်အရေးကြီးတဲ့ကစားသမားတစ်ဦး ဖြစ်နေဆဲပါပဲ”လို့ ပြောပါတယ်။