ပထမပိုင်းသွင်းဂိုးတွေနဲ့ ဂိုးပြတ်နိုင်ပွဲ ပြန်လည်ရရှိခဲ့တဲ့ ချဲလ်ဆီး
ချဲလ်ဆီး ၂-၀ အဲဗာတန် (ပွဲပြီးရလဒ်)
ပယ်လ်မာ ၂၁'
ဂူစတို ၄၀+၁'
ပထမပိုင်းမှာတင် အဲဗာတန်ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ချဲလ်ဆီးအနေနဲ့ ဒုတိယပိုင်းမှာ အနိုင်ရလဒ်ကိုဆက်လက်ထိန်းသိမ်းပြီး ၄ ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။ အဲဗာတန်အနေနဲ့လည်း ဒုတိယပိုင်းမှာ အပိုင်အခွင့်အရေးတွေလွဲချော်ခဲ့သလို၊ ချဲလ်ဆီးတိုက်စစ်ကလည်း အဆုံးသတ်ပိုင်းမသေသပ်ခဲ့လို့ သွင်းဂိုးတွေ ထပ်မံမြင်တွေ့ခဲ့ရခြင်းမရှိပါဘူး။ ယခုနိုင်ပွဲကြောင့်ချဲလ်ဆီးဟာ အမှတ်ပေးဇယား အဆင့် ၄ နေရာသို့ ယာယီတက်လှမ်းနိုင်ခဲ့ပါတယ်။