လန်ဒန်မြေမှာ သရေတစ်မှတ်နဲ့ပဲ ကျေနပ်လိုက်ရတဲ့ မန်စီးတီး
တော့တင်ဟမ် ၂-၂ မန်စီးတီး (ပွဲပြီးရလဒ်)
ပရီးမီးယားလိဂ်အင်အားကြီးကလပ်အသင်းနှစ်ခုထိပ်တိုက်တွေ့ဆုံမှုက အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ဖျော်ဖြေမှုရသအပြည့်ပေးစွမ်းခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း မန်စီးတီးက တော့တင်ဟမ်ကို အပြတ်အသတ်အသာစီးရယူပြီး ချာကီ၊ ဆီမန်ညိုတို့ရဲ့သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းပွဲချိန်အတွင်း အိမ်ရှင်တို့အကောင်းဆုံးပြန်လာကာ ဆိုလန်ကီရဲ့သွင်းဂိုးနှစ်ဂိုးနဲ့အတူ အိမ်ကွင်းသရေတစ်မှတ်ကို ရှာဖွေနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ မန်စီးတီးတို့ ခြောက်မှတ်အထိကွာဟသွားပြီး ဖိအားတွေအောက်ရောက်ရှိနေတဲ့ တော့တင်ဟမ်နည်းပြသောမတ်စ်ဖရန့်ခ်ကတော့ အနည်းငယ်အသက်ရှုချောင်သွားခဲ့ပါတယ်။