ချဲလ်ဆီးကို နှစ်ကျော့စလုံးအနိုင်ယူကာ ကာရာဘောင်ဖလား ဗိုလ်လုပွဲတက်ရောက်သွားတဲ့ အာဆင်နယ်
အာဆင်နယ် ၁ - ၀ ချဲလ်ဆီး (ပွဲပြီးရလဒ်) (နှစ်ကျော့ပေါင်းရလဒ် ၄-၂)
အာဆင်နယ်အသင်းဟာ ပထမအကျော့က စတန်းဖို့ဒ်ဘရစ်ချ်မှာ အနိုင်ရလဒ်ရရှိထားတာကြောင့် ဒီညပွဲမှာ ဂိုမပေးရဖို့ အာရုံစိုက်ကစားခဲ့ပြီး ပဲွပြီးခါနီး ကိုင်ဟာဗက်ဇ်ရဲ့သွင်းဂိုးကြောင့် ၄-၂ဂိုးနဲ့ အနိုင်ရကာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပါတယ်။
အာဆင်နယ်က ကြံ့ခိုင်မှုအသားပေးတဲ့ကစားပုံနဲ့ တစ်ပွဲလုံးကစားသွားခဲ့ပြီး ချဲလ်ဆီးရဲ့တိုက်စစ်ဆင်မှုတွေကို အခွင့်အရေးမရအောင် အကောင်းဆုံးတားဆီးသွားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းကတော့ ပထမအကျော့ရလဒ်ကြောင့် ဒီပွဲမှာ တိုက်စစ်ဖွင့်ကစားခဲ့ပေမဲ့ အာဆင်နယ်ခံစစ်ကို ကျော်ဖြတ်နိုင်ဖို့ ခက်ခဲခဲ့ပြီး ကာရာဘောင်ဖလားမှာ ဆီမီးဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။