The network connection is lost.

Banner Image

လော်ဆန်းအသင်းရဲ့ ချန်လှပ်ခြင်းကို ခံလိုက်ရတဲ့ ယူနိုက်တက်လူငယ်ကြယ်ပွင့် ကိုနေး

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လူငယ်ကစားသမား ဆီကူကိုနေးတို့ဟာ လော်ဆန်းအသင်းမှာ စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

အသက်ငယ်ရွယ်တဲ့ ကွင်းလယ်လူ ကိုနေးဟာ ယူနိုက်တက်အသင်းပိုင်ရှင် INEOS အုပ်စုပဲ ပိုင်ဆိုင်တဲ့ ဆွစ်ဇာလန်ကလပ် လော်ဆန်းအသင်းဆီကို ရာသီကုန်အထိ အငှားနဲ့ သွားရောက်ကစားနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း လော်ဆန်းအသင်းဟာ ဥရောပ ကွန်ဖရင့်လိဂ် ပြိုင်ပွဲအတွက် ကိုနေးကို လူစာရင်းမှာ ထည့်သွင်းမှတ်ပုံတင်ခြင်း မပြုခဲ့ပါဘူး။

လာမယ့် သီတင်းနှစ်ပတ်အတွင်းမှာ လော်ဆန်းအသင်းဟာ ဆစ်ဂမာအိုလိုမူအသင်းနဲ့ ပလေးအော့ဖ်ပွဲစဉ် ကစားရမှာဖြစ်ပြီး အဲ့ဒီပြိုင်ပွဲရဲ့ လက်ကျန်ပွဲစဉ်တွေအတွက် ကိုနေးကို လူစာရင်းကနေ ချန်လှပ်ထားဖို့ ဆုံးဖြတ်ခဲ့တာပါ။

လော်ဆန်းအသင်းမှာပဲ အငှားနဲ့ လာရောက်ကစားနေတဲ့ နောက်ထပ် ယူနိုက်တက်လူငယ်ကစားသမားတစ်ဦးဖြစ်သူ အန်ဇို ကာနာဘီယစ်ကတော့ ကွန်ဖရင့်လိဂ် လူစာရင်းမှာ ပါဝင်ခွင့် ရရှိခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် တိုက်စစ်မှူး ကာနာဘီယစ်ဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက အငှားနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဆွစ်ဇာလန်ကလပ်အတွက် ၁၈ ပွဲအထိ ပါဝင်ကစားပေးထားပြီး ဖြစ်ပါတယ်။