The network connection is lost.

Banner Image

အရေးကြီးကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်မှာ အီဆက်ခ်ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေတဲ့ ဆွီဒင်နည်းပြပေါ်တာ

လာမယ့်လမှာကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအော့ဖ်အဆင့်ပွဲစဉ်အတွက် လီဗာပူးတိုက်စစ်မှူးအီဆက်ခ်ကို အသုံးပြနိုင်ဖို့ မျှော်လင့်ချက်ရှိနေတယ်လို့ ဆွီဒင်အသင်းနည်းပြဂရေဟမ်ပေါ်တာက ထပ်လောင်းအတည်ပြု ပြောကြားခဲ့ပါတယ်။

အီဆက်ခ်က ပြီးခဲ့တဲ့ခရစ္စမတ်မတိုင်ခင်လေးမှာတင် ပြင်းထန်ခြေထောက်အရိုးကျိုးဒဏ်ရာ ရရှိခဲ့ပြီး လတ်တလောကုသမှုခံယူနေရသူ ဖြစ်ပါတယ်။ နည်းပြပေါ်တာကတော့ ယူကရိန်းနဲ့ကစားမယ့်ပလေးအော့ဖ်ပွဲစဉ်မှာ အီဆက်ခ်အပြင် တော့တင်ဟမ်အမာခံကစားသမားတွေဖြစ်တဲ့ ဘာ့ဂျ်ဗောနဲ့ ကူလူဆက်ဗ်စကီးတို့ကိုပါ ပြန်လည်အသုံးနို်ငဖို့ မျှော်လင့်နေပါတယ်။

"လောလောဆယ်တော့ ကျွန်တော်တို့ ဆုတောင်းနေရုံပါပဲ။ ဒီကစားသမားတချို့ ပြန်ပါလာနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ၎င်းက Aftonbladet သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် "ဒါပေမဲ့ သူတို့ပြန်မပါလာနိုင်ဘူးဆိုရင်လည်း ရှိရင်းစွဲကစားသမားတွေနဲ့ပဲ အကောင်းဆုံးနည်းလမ်း ရှာသွားရပါလိမ့်မယ်" လို့လည်း ပေါ်တာက ဆိုပါတယ်။

ပေါ်တာရဲ့ခန့်မှန်းချက်အရ အခုဘောလုံးရာသီမကုန်ခင် အီဆက်ခ်ကို လီဗာပူးအသင်းမှာ ပြန်လည်မြင်တွေ့ရနိုင်ပါတယ်။