The network connection is lost.

Banner Image

ကလော့ပ်နဲ့ ဂျာမနီအသင်းရဲ့ ကောလဟာလတွေအပေါ် အေးဂျင့်ဖြစ်သူတုံ့ပြန်

လီဗာပူးနည်းပြယာဂင်ကလော့ပ်၏ အေးဂျင့်သည် ဂျာမနီမန်နေဂျာရာထူးအဖြစ် ကောလာဟလများ ထွက်ပေါ်နေသော ထင်ကြေးမျေားကိုပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဂျာမနီသည် ယူရို ၂၀၂၄ ပြိုင်ပွဲမကျင်းပမီ ကိုးလအလိုတွင် လစ်လပ်နေသော နည်းပြရာထူးနှင့် ဆက်စပ်နေသော အမည်များစွာဖြင့် မန်နေဂျာဟောင်းဖြစ်သူ ဖလစ်ခ်ကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ထုတ်ပယ်ခဲ့ပါတယ်။ ယာဂင်ကလော့ပ်အား ဖလစ်ခ်နေရာကို အစားထိုးရန် ဂျာမန်ဘောလုံးအဖွဲ့ (DFB)ထံမှ အိပ်မက်ရွေးချယ်မှုဟု ဆိုကာ ၎င်းတို့က သူ့ကို စိတ်ဝင်စားကြောင်း ပြသခြင်းသည် ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။

ယာဂင်ကလော့ပ်သည် ၂၀၁၅ ခုနှစ်တွင် လီဗာပူးသို့ မပြောင်းရွှေ့မီ ဘွန်ဒက်စ်လီဂါကလပ် မိန့်ဇ်နှင့် ဒေါ့မွန် တို့ကို ကိုင်တွယ်ခဲ့သည့်အချိန်က စတုဂတ်တွင် မွေးဖွားခဲ့ပြီး ဂျာမန်လက်ရွေးစင် အသင်းကို စီမံခန့်ခွဲရခြင်းသည် 'ဂုဏ်ယူစရာ' ဖြစ်လိမ့်မည်ဟု ယခင်က ဝန်ခံခဲ့ဖူးပါတယ်။ သို့သော် ၎င်း၏အေးဂျင့် မာ့ခ်ကိုစီကီ က ကလော့ပ်သည် ယူရို ၂၀၂၄ အတွက် ဂျာမနီကို တာဝန်ယူရန် လီဗာပူးမှ ထွက်ခွာမည်ဆိုသည့် သတင်းများကို ပယ်ချခဲ့ပြီး ၂၀၂၆ ခုနှစ် လီဗာပူးလ်အသင်းတွင် ဆက်ရှိသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

"ယာဂင်ကလော့ပ်ဟာ လီဗာပူးနဲ့ နှစ်ရှည်စာချုပ် ရှိနေပြီး နိုင်ငံ့နည်းပြရာထူးအတွက် မဖြစ်နိုင်ပါဘူး။" ဟု မာ့ခ်ကိုစီကီက ဂျာမနီမီဒီယာတစ်ခုကိုပြောကြားခဲ့ပါတယ်။ ယာဂင်ကလော့ပ်သည် လွန်ခဲ့သည့် ၈ နှစ်က အန်ဖီးလ်သို့ ရောက်ရှိလာပြီးကတည်းက လီဗာပူးကို ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလား၊ စူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလားများအထိ အောင်မြင်မှုများစွာ ရရှိစေခဲ့သောနည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။ ၎င်း၏ အသင်းသည် ပြီးခဲ့သည့်ရာသီက ခက်ခဲသောရာသီတစ်ခုကိုကြုံတွေ့ခဲ့ရပြီး ပရီးမီးယားလိဂ် ထိပ်သီးလေးသင်းတွင် မပါဝင်ခဲ့ဘဲ ပြီးဆုံးခဲ့ပါတယ်။

လီဗာပူးအသင်းသည် ယခုနှစ်ရာသီအစတွင် အားကောင်းခဲ့ပြီး ပရီးမီးယားလိဂ်အဖွင့် လေးပွဲ ကစားအပြီးတွင် ရှုံးပွဲမရှိခဲ့ဘဲ ၎င်းတို့ထဲမှ ၃ ပွဲ အနိုင်ရရှိထားပါတယ်။ တစ်ချိန်တည်းမှာပင် ဂျာမနီသည် ယခု မတ်လတွင် ဘိုင်ယန်မြူးနစ်မှ ထုတ်ပယ်ခံခဲ့ရသော နာဂယ်စ်မန်းအား နည်းပြခန့်အပ်ရန်စိတ်ဝင်စားနေကြာင်း သိရပါတယ်။