The network connection is lost.

Banner Image

ဘာပေမရှိပေမယ့် ချန်ပီယံလိဂ်ဖလားရခဲ့တာက ကံကောင်းတယ်လို့ ကလိုင်ဖီ ဝန်ခံပြောကြား

ပီအက်စ်ဂျီအသင်းဥက္ကဌ ကလိုင်ဖီက ဘာပေထွက်ခွာမှုကို နောင်တမရပဲ အသင်းအနေနဲ့ သူမရှိပေမယ့် ချန်ပီယံလိဂ်ဖလားရခဲ့တာက ကံကောင်းတယ်လို့ ပြောကြားလိုက်ပါတယ်။ ပီအက်စ်ဂျီဟာ ဘာပေကိုလက်လွှတ်ခဲ့ရပေမယ့် ၂၀၂၄ - ၂၅ ရာသီမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။ ဘာပေဟာ လာလီဂါမြေကိုဆုဖလားအောင်မြင်မှုတွေရယူချင်လို့ ပြောင်းခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီတုန်းက ဖလားလက်မဲ့ဖြစ်ခဲ့ပြီး အသင်းဟောင်းချန်ပီယံဖြစ်တာကို ထိုင်ကြည့်ခဲ့ရပါတယ်။

ရီးရဲလ်ကိုပြောင်းပြီးနောက် ပီအက်စ်ဂျီချန်ပီယံလိဂ်ရချိန်မှာ ဘာပေက အလျင်အမြန်ဂုဏ်ယူမှုပြုလုပ်ခဲ့ပါတယ်။ ကလိုင်ဖီက အခုချိန်မှာ ဘာပေကိုလက်လွှတ်ခဲ့ရလို့ နောင်တမရသလို အသင်းအတွက် ပထမဆုံးချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့လို့ ဝမ်းသာမိတယ်လို့ ပြောကြားလိုက်ပါတယ်။ “ကျွန်တော်တို့ ဘာပေကိုလက်လွှတ်ခဲ့ရလို့ နောင်တမရမိပါဘူး။ ဘာပေ ၊ နေမာ ၊ ဇလာတန် နဲ့ မက်ဆီတို့ကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ သူတို့က အသင်းအတွက် အရမ်းအရေးပါခဲ့ကြပါတယ်။ ကျွန်တော်တို့ ဒီနှစ်မှာ ဘာပေမရှိပေမယ့် ကံကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဘာပေတစ်ယောက် ရီးရဲလ်အသင်းမှာ ကောင်းမွန်တဲ့အနာဂတ်ရှိပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်”လို့  ကလိုင်ဖီက ပြောကြားခဲ့ပါတယ်။

ဘာပေဟာ ရီးရဲလ်အသင်းနဲ့အတူ ကလပ်ကမ္ဘာ့ဖလားပထမဆုံးရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရဖို့လည်း အလားအလာရှိနေပါတယ်။ ရီးရဲလ်အသင်းဟာ အယ်လ်-ဟီလယ် ၊ ပါချူကာ ၊ ဆဲလ်ဘတ်ဂျ်တို့နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အခြားတစ်ဖက်မှာ ပီအက်စ်ဂျီက တီကို ၊ ဘိုတာဖိုဂို ၊ ဆီယက်တယ်ဆောင်းဒါးအသင်းတွေနဲ့ကန်ရမှာဖြစ်ပါတယ်။