The network connection is lost.

Banner Image

ထရာဇွန်စပေါအသင်းထံ ပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ ယူနိုက်တက်စတား

သတင်းတွေအရ ယူနိုက်တက်ဂိုးသမား အိုနာနာတစ်ယောက် ထရာဇွန်စပေါအသင်းထံ အငှားနဲ့ပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ အိုနာနာတစ်ယောက် ထရာဇွန်စပေါအသင်းထံပြောင်းရွှေ့တော့မှာဖြစ်ပြီး လုပ်ခလစာ ၂ ဆလောက်ရရှိမယ်လို့ သိရပါတယ်။

အက်သလက်တစ်သတင်းဌာနကတော့ တူရကီကလပ်ဘက်က အိုနာနာရဲ့လုပ်ခလစာအားလုံးကို ပေးချေမှာဖြစ်ပြီး ဘောနပ်စ်လည်းထပ်မံရရှိမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါဘောနပ်စ်ကြောင့် အိုနာနာအနေနဲ့ ယူနိုက်တက်မှာရရှိတဲ့လုပ်ခလစာထက် ၂ ဆနီးပါးလောက်ရရှိနိုင်ဖွယ်ရှိနေပါတယ်။

အပြောင်းအရွှေ့ထဲမှာ အပြီးသတ်ခေါ်ယူခွင့်တော့ မပါဝင်ဘူးလို့ သိရပါတယ်။ အခုအငှားအပြောင်းအရွှေ့ဟာ အိုနာနာအနေနဲ့ သူ့ကစားသမားဘဝကိုပြန်လည်တည်ဆောက်နိုင်မယ့်အခွင့်အရေးလည်းဖြစ်ပါတယ်။ ကင်မရွန်းသားဟာ ၂၀၂၃ တုန်းက အင်တာမီလန်အသင်းထံကနေ ပေါင် ၄၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး တော်တော်များများက မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမှားတွေများခဲ့တာကြောင့် အာမိုရင်လက်အောက်မှာ နေရာပျောက်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိအနေအထားကြောင့် သူ့ကိုအပြီးသတ်ခေါ်ယူမယ့်အသင်းမရှိဖြစ်နေပြီး အငှားနဲ့သာ စေလွှတ်ခဲ့ရပါတယ်။ အိုနာနာအနေနဲ့ အခုအငှားအပြောင်းအရွှေ့ကနေ အခွင့်အရေးယူနိုင်ပြီး ကစားသမားဘဝအလှည့်အပြောင်းလုပ်နိုင်မလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။

ဂရင်းစ်ဘီတောင်းအသင်းကို အရေးနိမ့်ခဲ့တဲ့ကာရာဘောင်ပွဲမှာ အိုနာနာက အမှားတွေများခဲ့တာဖြစ်ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ လိဂ် ၂ အသင်းက ၁၂ ဂိုး - ၁၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အာမိုရင်ဟာ အိုနာနာနေရာအတွက် လန်မန်းကိုခေါ်ယူခဲ့ပြီး အသက် ၂၃ နှစ်သားက အန့်တ်ဝါ့တ်အသင်းထံကနေ ပေါင် ၁၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။