The network connection is lost.

Banner Image

အတ္တလန္တာစတားခေါ်ယူရေးတိုက်ပွဲမှာ ပါဝင်လာတဲ့ အာဆင်နယ်

သတင်းတွေအရ အာဆင်နယ်ဟာ လာမယ့်နွေရာသီမှာ ယူနိုက်တက် ၊ ဂျူဗင်တပ်စ်တို့နဲ့အပြိုင် အတ္တလန္တာစတား လွတ်ခ်မန်းကိုခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ သိရပါတယ်။

စကိုင်းဂျာမနီသတင်းထောက် ပလက်တန်ဘာ့ဂျ်က အာဆင်နယ်ဟာ နွေရာသီမှာ အသက် ၂၇ နှစ်သားကို ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ ဆိုပါတယ်။ဒါပေမယ့်လည်း အခြားတစ်ဖက်မှာ လွတ်ခ်မန်းကို ယူနိုက်တက် နဲ့ ဂျူဗင်တပ်စ်တို့ကပါ စိတ်ဝင်စားနေပါတယ်။ လွတ်ခ်မန်းဟာ အတ္တလန္တာအသင်းယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့တုန်းက တောက်ပခဲ့တဲ့ကစားသမားလည်းဖြစ်ပါတယ်။

အခုချိန်မှာတော့ ထိပ်တန်းအသင်းတွေက စိတ်ဝင်စားနေကြပြီး အတ္တလန္တာ နဲ့ လွတ်ခ်မန်းတို့ကြား စာချုပ်သက်တမ်းက ၂၀၂၇ အထိ ကျန်ရှိနေတာကြောင့် ဈေးပေါပေါနဲ့တော့ ရဖွယ်မရှိတာဖြစ်ပါတယ်။ နည်းပြ ဂတ်စ်ပါရီနီနဲ့ အချင်းများခဲ့ပြီးနောက် လွတ်ခ်မန်းတစ်ယောက် အသင်းကနေထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။

နိုင်ဂျီးရီးယားသားဟာ အခုနှစ်ချန်ပီယံလိဂ်ပွဲစဉ်တစ်ခုမှာ ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် နည်းပြ ဂတ်စ်ပါရီနီဟာ လေးစားမှုမရှိတဲ့မှတ်ချက်တွေနဲ့ စွပ်စွဲခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဒီရာသီမှာ လွတ်ခ်မန်းဟာ အသင်းအတွက် ၂၀ ဂိုးသွင်း ၊ ၇ ဂိုးဖန်တီးထားနိုင်ခဲ့ပြီး လာမယ့်တနင်္ဂနွေနေ့ မွန်ဇာနဲ့ပွဲမှာလည်း ထပ်မံဂိုးသွင်းနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။