The network connection is lost.

Banner Image

နွေရာသီမှာ အာဆင်နယ်ကိုရောက်လာဖို့ အာတီတာ ဘယ်လိုစည်းရုံးခဲ့သလဲဆိုတာ ဖွင့်ဟလာတဲ့ မော့စ်ကွီရာ

လူငယ်နောက်ခံလူ ခရစ္စတီယန်မော့စ်ကွီရာက အာဆင်နယ်နည်းပြ မီကယ်အာတီတာရဲ့စည်းရုံးမှုတွေကြောင့် ကလပ်ကိုရောက်ရှိလာခဲ့တဲ့အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် စပိန်နောက်ခံလူဟာ ဒီနွေရာသီမှာ ဗလင်စီယာအသင်းကနေ ပေါင် ၁၃ သန်းနဲ့ အာဆင်နယ်ကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။  သူက ပွဲကစားချိန်ရရှိဖို့အတွက် နာမည်ကြီးကစားသမားတွေဖြစ်တဲ့ ဝီလီယံဆာလီဘာနဲ့ ဂါဘရီယယ်လ်မာဂယ်ဟေးစ်တို့နဲ့ ယှဉ်ပြိုင်ရမယ်ဆိုတာကို သိရှိခဲ့ပါတယ်။

မော့စ်ကွီရာက "အာတီတာ ကျွန်တော့်ကိုစကားပြောခဲ့တဲ့ ပထမဆုံးအချိန်ကတည်းက အာဆင်နယ်ကိုသွားဖို့ သံသယမရှိခဲ့ပါဘူး။ အသင်းရဲ့စီမံကိန်းကတော့ နေရာတိုင်းမှာ စံနှုန်းမြင့်မားဖို့အတွက် ကစားသမားတွေအချင်းချင်း ယှဉ်ပြိုင်စေချင်တာဖြစ်တယ်”လို့ ရှင်းပြခဲ့ပါတယ်။
အဆိုပါလူငယ်နောက်ခံလူဟာ ဆာလီဘာဒဏ်ရာရရှိခဲ့တဲ့အချိန်မှာ ဝင်ရောက်ကစားခဲ့ပြီး ဒီရာသီမှာ ၈ ပွဲအထိ ပါဝင်ကစားထားပြီးဖြစ်ပါတယ်။

အာတီတာက ပွဲတစ်ပွဲအပြီးမှာ "မော့စ်ကွီရာကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်" လို့ပြောကြားခဲ့ပြီး လူငယ်လေးရဲ့အစွမ်းအစကို ချီးကျူးခဲ့ပါတယ်။
ပြိုင်ဆိုင်မှုတွေရှိနေပေမဲ့ မော့စ်ကွီရာက ဒီရာသီမှာ အာဆင်နယ်ရဲ့အောင်မြင်မှုအတွက် သူရဲ့အခန်းကဏ္ဍက အရေးပါတယ်လို့ရှုမြင်နေပါတယ်။