The network connection is lost.

Banner Image

ကစားသမားဟောင်းကို ယူရိုသန်း ၂၀ နဲ့ခေါ်ယူဖို့ အသင့်ရှိနေတဲ့ ဘင်ဖီကာ

သတင်းတွေအရ ဘင်ဖီကာအသင်းဟာ ကစားသမားဟောင်း ဂျာအိုဖီးလစ်ကို ယူရိုသန်း ၂၀ နဲ့ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဂျိုဂိုသတင်းဌာနရဲ့အဆိုအရ ဘင်ဖီကာအသင်းဟာ ဖီးလစ်ကို ဦးစားပေးခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း လစ္စဘွန်းမြေကိုပြန်ဖို့အတွက် လုပ်ခလစာလျော့ယူဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

ဘဏ္ဍာရေးအခြေအနေကြောင့် ငွေကြေးသုံးစွဲခွင့်ကိုလျော့ချရမှာဖြစ်ပြီး အသင်းအနေနဲ့လည်း ဥက္ကဌရွေးချယ်ဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် နောက်ဆုံး ၂ ရာသီအတွင်း ဆုဖလားမရခဲ့တာကြောင့် လိဂ်ဖလားပြန်လည်ရယူနိုင်ဖို့ လိုအပ်နေပါတယ်။ ဘင်ဖီကာအသင်းဟာ ၂၀၁၉ - ၂၀ ရာသီတုန်းက အောင်မြင်ခဲ့တဲ့တိုက်စစ်မှူးဟောင်း ပြန်လည်ခေါ်ယူချင်နေပါတယ်။

ဖီးလစ်ကို တီကိုအသင်းထံကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ရောင်းချခဲ့ပေမယ့် ခြေစွမ်းကောင်းတွေပြသနိုင်ခြင်းမရှိပဲ ချဲလ်ဆီး ၊ ဘာစီလိုနာတို့ထံ အငှားထွက်ကစားခဲ့ရပါတယ်။ ချဲလ်ဆီးအသင်းဟာ တီကိုအသင်းထံကနေ ဖီးလစ်ကိုခေါ်ယူခဲ့ပေမယ့် ရုန်းကန်ခဲ့ရတာကြောင့် အေစီမီလန်ထံအငှားချခဲ့ပါတယ်။ ဘင်ဖီကာအသင်းဟာ ဘိုတာဖိုဂိုစတား သီယာဂိုအယ်လ်မာဒါကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အာဂျင်တိုင်းသားဟာ ပြီးခဲ့တဲ့ရာသီတုန်းက လိုင်ယွန်အသင်းမှာ အငှားထွက်ကစားခဲ့ပါတယ်။

ပြင်သစ်ကလပ်ဘက်က အပြီးသတ်ခေါ်ယူချင်နေပေမယ့် ဘဏ္ဍာရေးအခြေအနေကြောင့် ခက်ခဲဖွယ်ရှိနေပါတယ်။  မကြာသေးခင်တုန်းက ဘင်ဖီကာ နဲ့ ဘိုတာဖိုဂိုတို့ကြား အပြောင်းအရွှေ့အတွက် နီးစပ်နေပြီလို့ ဆိုပါတယ်။ ချဲလ်ဆီးအသင်းဘက် ဘင်ဖီကာကိုရောင်းထုတ်ချင်နေပေမယ့် ပေါင် ၄၆ သန်းလောက်ရမှသာ လက်လွှတ်ဖွယ်ရှိနေပါတယ်။

ဒါပမေယ့်လည်း ဘင်ဖီကာဘက်ကတော့  ထက်ဝက်ကြေးလောက်နဲ့ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပြီး ချဲလ်ဆီးအနေနဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် ကစားသမားအနည်းငယ်ကို ရှင်းထုတ်ရမှာဖြစ်ပါတယ်။