ဒီရာသီမှာ အာဆင်နယ် ပရီးမီးယားလိဂ်ဖလားရဖို့ကို ဟာလန်း တစ်ဦးတည်းကသာ တားဆီးနိုင်တယ်လို့ ပြောကြားလိုက်တဲ့ ကာရေဂါ
အာဆင်နယ် အသင်းဟာ ဒီသီတင်းပတ်ကုန်မှာ ခရစ္စတယ်ပဲလေ့စ် နဲ့ ရင်ဆိုင်ရဖို့အတွက် ဇယားထိပ်ဆုံး မှာ ရပ်တည်နေပါတယ်။
"အာဆင်နယ် ဟာ ၂၁ နှစ်ကြာ ဖလားမရတဲ့ ကာလကို အဆုံးသတ်ဖို့ လီဗာပူး က အဓိက အတားအဆီး ဖြစ်နေမှာကို စိုးရိမ်ရင်း ဒီရာသီကို ရောက်လာခဲ့ပါတယ်။ အခုတော့ သူတို့ရဲ့ အကြီးမားဆုံး စိုးရိမ်မှုက အာလင်း ဟာလန်း ဖြစ်နိုင်ပါတယ်"
"အာဆင်နယ် က ဖလားလုမယ့် ပြိုင်ဘက်တွေထဲမှာ အကောင်းဆုံး လူစာရင်း ကို ပိုင်ဆိုင်ထားပြီး လီဗာပူး ကလည်း ထင်ရှားတဲ့ ပြဿနာတွေကို ပြင်ဆင်ရမှာပါ။ ဒါပေမဲ့ မန်စီးတီး မှာတော့ သြဇာအရှိဆုံး ကစားသမား နဲ့ တက်ကြွတဲ့ တိုက်စစ်မှူး ရှိပါတယ်"
"ဒီ နော်ဝေသား ဟာ ပက် ဂွါဒီယိုလာ ရဲ့ အသင်း ဖလားကို ပြန်လည် ဆွတ်ခူးနိုင်ဖို့ အကြီးမားဆုံး အကြောင်းရင်း ပါပဲ။ သူသာ မရှိရင် စီးတီး ရဲ့ အမှန်ကန်ဆုံး ပစ်မှတ်က ထိပ်ဆုံး လေးသင်းထဲ ဝင်ဖို့ သာ ဖြစ်ပါလိမ့်မယ်"
"ဟာလန်း ဟာ အရမ်းကောင်းလွန်းလို့ သူ ကစားတိုင်း ပြောင်းလဲမှု ဖြစ်စေနိုင်သူပါ။ သူဟာ ဒီခေတ်ရဲ့ အသေအလဲ အဆုံးသတ်နိုင်ဆုံး ကစားသမား ဖြစ်ပြီး၊ ဒါကြောင့်ပဲ အတိတ်က ဂန္တဝင်တွေ နဲ့ ယှဉ်ပြိုင်ဖို့ ထိုက်တန်နေပါပြီ" လို့ ကာရေဂါ က Telegraph မှာ ရေးသားခဲ့ပါတယ်။