
ကိုမိုကစားသမား တစ်ဦးက ဆာဂျီယို ဘတ်စ်ကွက်စ် ကဲ့သို့ အလားအလာရှိတယ်လို့ ပြောကြားလိုက်တဲ့ ဖာဘရီဂတ်စ်
ကိုမို အသင်း နည်းပြ ဆက်စ်ဖာဘရီဂတ်စ် က သူ၏ ကစားသမားတစ်ဦးဖြစ်သူ မက်စ်ဆီ ပေရွန်နီ တွင် ဆာဂျီယို ဘတ်စ်ကွက်စ် နှင့် စွမ်းရည်ချင်း တူညီသော အလားအလာများ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ နွေရာသီ အပြောင်းအရွှေ့ကာလတွင် မန်စီးတီး အသင်းမှ အာဂျင်တီးနား ကွင်းလယ်လူ ပေရွန်နီကို ခေါ်ယူရန်အတွက် ကက်စ်နှင့် ကိုမိုအသင်းတို့ အပြင်းအထန် ကြိုးပမ်းခဲ့ကြပါတယ်။
ဘာစီလိုနာ အသင်းဖော်ဟောင်း ဆာဂျီယို ဘတ်စ်ကွက်စ်ဟာ MLS ရာသီအကုန်တွင် အင်တာ မိုင်ယာမီ အသင်းမှ အနားယူတော့မည်လို့ ကြေညာခဲ့တဲ့ အပေါ် မေးမြန်းခဲ့ရာ ကက်စ်က "သူဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်သလို အံ့မခန်းတဲ့ သူငယ်ချင်းနဲ့ လူတစ်ယောက် လည်း ဖြစ်ပါတယ်။ သူက မိသားစုဝင်တစ်ဦးလိုပါပဲ။ အနားယူဖို့ အချိန်တန်ပြီလို့ ကျွန်တော်ထင်ပါတယ်။ လူငယ် ကစားသမားတွေအတွက် နေရာပေးသင့်ပါတယ်"
"ဒါပေမဲ့ သူက အားလုံး သဘောကျချစ်ခင်မိစေမယ့် ကစားသမားမျိုးပါ။ သူတို့ဟာ ကွင်းထဲမှာ ခင်များတို့ ဘယ်တော့မှ မမြင်ရတော့မယ့် ကစားသမားတွေပါ။ ဒါပေမဲ့ သူတို့ မကစားတဲ့အခါ သူတို့ရဲ့ အရေးပါပုံကို အားလုံးနားလည်သွားပါလိမ့်မယ်။ သူ့လိုမျိုး ကစားသမားဘဝကို ဒီလောက်အထိ ထိပ်တန်းအဆင့်မှာ ပိုင်ဆိုင်ထားတဲ့အတွက် သူ့ကို အရမ်း ဂုဏ်ယူပါတယ်"
"သူဟာ ၁၁ နှစ်တာကာလပတ်လုံး ဒီအဆင့်မှာပဲ ရှိနေခဲ့ပါတယ်။ သူဟာ ငယ်ရွယ်စဉ်မှာ ခက်ခဲတဲ့ကြားက ကောင်းကောင်းနေထိုင်တယ်၊ ကောင်းကောင်းစားတယ်၊ ကောင်းကောင်း အိပ်စက်တယ်။ သူက နည်းပြ တစ်ဦး ဖြစ်ချင်တာကြောင့် သူ့ကို အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်"
"နောက်ထပ် မေးခွန်းဖြစ်တဲ့ ကိုမိုအသင်းမှာ ဘတ်စ်ကွက်စ်နဲ့ တူတဲ့ ကစားသမားမျိုး ရှိသလား အတွက်တော့ ပေရွန်နီ ဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့မှာ ဘတ်စ်ကွက်စ်နဲ့ ဆင်တူတဲ့ အရည်အသွေးတွေ ရှိပါတယ်။ သူက ဘောလုံးပေးပို့မှုမှာ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ သူ တိုးတက်ဖို့ လိုအပ်ပါတယ်။ အကြာကြီး ပေးပို့တာမျိုး၊ ရှေ့ကို ပိုပြီး ကြည့်တာမျိုးနဲ့ ဘောလုံးလမ်းကြောင်း ပြောင်းတာမျိုးတွေ လုပ်နိုင်ရင် ဒီနေရာတွေမှာ တိုးတက်လာပြီဆိုရင် သူ နောက်ထပ် ကမ္ဘာတစ်ခုကို ရောက်ရှိသွားပြီး နောက်ထပ်အဆင့်တစ်ခုကို ရောက်ရှိသွားပါလိမ့်မယ်"
"သူက ဘတ်စ်ကွက်စ်လိုပဲ အရမ်းကို ဉာဏ်ကောင်းပါတယ်။ သူ့မှာ တိုးတက်ဖို့အတွက် သိသာထင်ရှားတဲ့ အလားအလာရှိပါတယ်" လို့ နည်းပြ ကက်စ် ဖာဘရီဂတ်စ် က ပြောကြားခဲ့ပါတယ်။