The network connection is lost.

Banner Image

အေဂျက်စ် ကနေ ချဲလ်ဆီး ကို ပြောင်းရတာ မထိတ်လန့်ဘူးလို့ ပြောကြားလိုက်တဲ့ ဟက်တို

နွေရာသီမှာ အေဂျက်စ် ကနေ ရောက်လာခဲ့တဲ့ ကစားသမားက ဒီလို အဆင့်တက်ပြီးရောက်လာခြင်းဟာ သူ့ကို မထိတ်လန့် စေခဲ့ဘူးလို့ အခိုင်အမာ ပြောဆိုခဲ့ပေမယ့် ကြီးမားတဲ့ ညှိနှိုင်းပြောင်းလဲမှု တော့ လိုအပ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

"ဒတ်ချ်လိဂ်ကနေ ပရီးမီးယားလိဂ် ကို ပြောင်းရွှေ့ဖို့က မလွယ်ပါဘူး" လို့ ဟက်တို က ကလပ်ရဲ့ ဝက်ဘ်ဆိုဒ်ကို ပြောပါတယ်။ "ဒါဟာ ကြီးမားတဲ့ ခြေလှမ်းပါ။ အရမ်းကြီး ကွာခြားမှု ရှိတယ်။ ဒါပေမဲ့ ကျွန်တော် သိခဲ့ပါတယ်။ ဒါကြောင့် ထိတ်လန့်သွားတာမျိုး မရှိခဲ့ဘူး။ ကျွန်တော် မျှော်လင့်ထားပြီးသားပါ"

"အစပိုင်းမှာ ကိုယ်ခန္ဓာကြံ့ခိုင်မှုပိုင်း နဲ့ ကစားပွဲရဲ့ မြန်နှုန်း ပိုင်းမှာ နည်းနည်းလေး ရုန်းကန် ခဲ့ရတယ်လို့ ပြောချင်ပါတယ်။ ဒါပေမဲ့ အခုတော့ နေ့တိုင်း ပိုကောင်းလာပြီး ပိုကောင်းလာ တယ်လို့ ကျွန်တော် ထင်ပါတယ်။ နည်းပြ လိုအပ်တဲ့အခါတိုင်း ကျွန်တော် အသင့်ရှိနေပါတယ်။ သူက အရမ်းတော်တဲ့ နည်းပြ တစ်ဦးပါ"

"နေ့တိုင်း ပိုကောင်းလာနေပါတယ်။ အခုလည်း ကျွန်တော် ကစားချိန်တွေ ပြန်ရနေပြီ။ ဗုဒ္ဓဟူးနေ့ အေဂျက်စ်နဲ့ပွဲမှာ မိနစ် ၉၀ အပြည့် ကစားခဲ့ရတာမို့ ကျွန်တော့်အတွက် ကောင်းပါတယ်" လို့ သူက ပြောပါတယ်။

"ကျွန်တော်တို့မှာ လူငယ်ကစားသမားတွေ ရှိပါတယ်။ ဒါပေမဲ့ ဥပမာ ရီးစ် ဂျိမ်းစ် လို ကစားသမားမျိုးက ဒီမှာ အချိန်အကြာကြီး ရှိခဲ့ပြီး အတွေ့အကြုံ အများကြီး ရှိသူပါ။ တိုစင် နဲ့ မားခ် ကူကူရယ်လာ တို့လို အသက်ကြီးပြီးသား ကစားသမားတွေကလည်း အတွေ့အကြုံ ရှိပါတယ်"

"ဒါကြောင့် ကျွန်တော် အေဂျက်စ် မှာ ရှိခဲ့တုန်းကနဲ့ သိပ်မကွာပါဘူး။ အသင်းက ငယ် ပေမယ့် အရည်အသွေး ကောင်းမွန် ပြီး အတွေ့အကြုံ လည်း ရှိပါတယ်" လို့ ဟက်တို က ထပ်လောင်းပြောကြားခဲ့ပါတယ်။