The network connection is lost.

Banner Image

စပိန်သားနဲ့ပတ်သက်ပြီး ဖလစ်ရဲ့ပြောကြားချက်ကို ပြန်လည်တုံ့ပြန်လိုက်တဲ့ ဒီလာဖွန်တီ

စပိန်အသင်းနည်းပြ ဒီလာဖွန်တီက ဘာစီလိုနာနည်းပြ ဖလစ်ရဲ့ယာမဲလ်နဲ့ပတ်သက်ပြီး ပြောကြားချက်ကို ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ ဖလစ်က ယာမဲလ်ကို စပိန်အသင်းက ဒဏ်ရာရရှိနေလျှက်နဲ့ အသုံးပြုခဲ့တာနဲ့ပတ်သက်လို့ ဒေါသထွက်နေပါတယ်။  အခုချိန်မှာ ဘာစီလိုနာဟာ လာမယ့်ချန်ပီယံလိဂ်ပွဲအတွက် စပိန်သားကို သေချာလေးကိုင်တွယ်နေရတာဖြစ်ပါတယ်။ ဖလစ်ရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး စပိန်နည်းပြ ဒီလာဖွန်တီက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ အသက် ၁၈ နှစ်သားဟာ ဒဏ်ရာရရှိနေလျှက်နဲ့ ဘူလ်ဂေးရီးယား ၊ တူရကီတို့နဲ့ပွဲတွေကို ကစားခဲ့ရတာဖြစ်ပြီး ဖလစ်က ဒေါသထွက်နေပါတယ်။

ယာမဲလ်တစ်ယောက် အဆိုပါအခြေအနေကြောင့် ဗလန်စီယာ ၊ နယူးကာဆယ် ၊ ဂီတာဖေး ၊ အိုဗီဒိုတို့နဲ့ပွဲတွေကို လွဲချော်ခဲ့ပါတယ်။ “သူတို့(စပိန်အသင်း)က ယာမဲလ်ကို နာကျင်မှုတွေပေးခဲ့သလို ဒဏ်ရာရနေလျှက်နဲ့ ၂ ပွဲစလုံးကို ပွဲကစားချိန် ၇၃ မိနစ် နဲ့ ၇၉ မိနစ်အထိ ကစားခဲ့ရပါတယ်။ သူတို့က ကစားသမားတွေကို ဂရုမစိုက်ပါဘူး။  စပိန်မှာ ကစားသမားကောင်းတွေရှိသလို အကောင်းဆုံးနိုင်ငံအသင်းတွေထဲကတစ်သင်းပါ။ ဒါပေမယ့် သူတို့ ကစားသမားတွေကို ဂရုတောင်မစိုက်ပါဘူး။ ကျွန်တော် အရမ်းစိတ်ပျက်ရပါတယ်”လို့ ဖလစ်က ပြောကြားခဲ့ပါတယ်။

စပိန်နည်းပြ ဒီလာဖွန်တီကတော့ ဖလစ်ရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး “ဒီနေ့ ကျွန်တော် မိခင်မြေအတွက်  ဒီအခိုက်အတန့်ကို ကျေနပ်နေပါတယ်။ ဖလစ်ဘာပြောခဲ့လဲဆိုတာ ကျွန်တော် မှတ်မိပါတယ်။ ကောင်းပါတယ်။ ကျွန်တော် စိတ်မဝင်စားပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။ ယာမဲလ်ဟာ အခုလာမယ့် ဆိုစီဒက်နဲ့ပွဲမျာ ပြန်လာနိုင်ဖို့ အလားအလာများနေပြီး ဘာစီလိုနာဆေးအဖွဲ့ကတော့ လာမယ့် ပီအက်စ်ဂျီနဲ့ပွဲမှာမှ ယာမဲလ်ကို ပြန်လည်အသုံးပြုစေချင်နေပါတယ်။ ဘလိတ်ကလည်း မကြာခင်မှာ ပြန်လာနိုင်တော့မှာဖြစ်ပြီး ဖလစ်ကတော့ ယာမဲလ်ကို လာမယ့်ပီအက်စ်ဂျီနဲ့ပွဲအတွက် အဆင်သင့်ဖြစ်စေဖို့ မျှော်လင့်နေပါတယ်။