The network connection is lost.

Banner Image

ဂိုးပိုသွင်းနိုင်ခဲ့သင့်တယ်လို့ နောက်ပြောင်လိုက်တဲ့ နယ်သာလန်စတား

ပိုလန်အသင်းကိုသရေကျခဲ့တဲ့ပွဲမှာ နိုင်ငံအသင်းအတွက် ၁၁ ဂိုးမြောက်ကိုသွင်းယူနိုင်ခဲ့ပြီးနောက် နယ်သာလန်နောက်ခံလူ ဒမ်ဖရိုင်းက သူ့အနေနဲ့ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့သင့်တယ်လို့ နောက်ပြောင်လိုက်ပါတယ်။

နယ်သာလန် နဲ့ ပိုလန်တို့ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ရိုသာဒန်မှာ ကစားခဲ့ကြပြီး ၁-၁ သရေကျခဲ့ပါတယ်။ ပွဲအတွင်း နယ်သာလန်အသင်းက ဘောလုံးပိုင်ဆိုင်မှု နဲ့ အခွင့်အရေးဖန်တီးမှုတွေပိုရခဲ့ကာ ဒမ်ဖရိုင်းက ပွဲကစားချိန် ၂၈ မိနစ်မှာ ထောင့်ကန်ဘောကနေ နယ်သာလန်အတွက် ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အင်တာနောက်ခံလူက သူ့ဂိုးကို မကျေနပ်ပဲ ဂိုးပိုသွင်းနိုင်ခဲ့သင့်တယ်လို့ နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။ ဒမ်ဖရိုင်းဟာ အခုလိုမျိုးအရေးပါတဲ့ဂိုးတွေကိုသွင်းယူပေးလေ့ရှိတာဖြစ်ပြီး အထူးသဖြင့် ၂၀၂၄ - ၂၅ ရာသီသွင်းယူနိုင်ခဲ့ပါတယ်။

၂၀၂၅ ဇန်နဝါရီတုန်းက ဘိုလော့ဂ်နာ ၊ အမ်ပိုလီ ၊ လက်ချီတို့နဲ့ပွဲတွေအပြင် အတ္တလန္တာနဲ့ စူပါကိုပါအီတာလီယာဆီမီးဖိုင်နယ်ပွဲတွေမှာ အရေးပါတဲ့ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။ ဒ့ါအပြင် ချန်ပီယံလိဂ်မှာလည်း ဘာစီလိုနာနဲ့ဆီမီးဖိုင်နယ်မှာ အသင်းအတွက်အရေးပါတဲ့ဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

“ဘောလုံးက လာချိန်မှာ ကျွန်တော်အသာလေးသွင်းယူခဲ့ပါတယ်။ အဲ့ဂိုးက ကျွန်တော့်နိုင်ငံကစားသမားဘ၀ ၆၆ ပွဲမှာ ၁၁ ဂိုးမြောက်ပါ။ မှန်ပါတယ်။ ကျွန်တော်ပြီးခဲ့တဲ့ပွဲတွေမှာ ဂိုးအများကြီးသွင်းယူနိုင်ခဲ့ပါတယ်။ အဲ့တာကြောင့် ကျွန်တော် ဂိုးပိုသွင်းယူနိုင်ခဲ့သင့်တယ်လို့ ပြောတာပါ။ ကြော်ငြဘုတ်ကိုကန်ခဲ့တာ နာကျင်ပေမယ့် အဆင်ပြေပါတယ်။

ကျွန်တော်တို့ အခွင့်အရေးတွေရခဲ့ပါတယ်။ ဒါပေမယ့် ခင်ဗျားသိလား ၁-၀ ဖြစ်နေချိန်မှာ အရာတွေက မှားယွင်းနိုင်ပါတယ်။ ကျွန်တော်တို့ ၂-၀ လောက်ဖြစ်နိုင်ခဲ့သင့်တာပါ။ ပိုလန်ကစားသမားတွေက ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပါတယ်။ သူတို့က အမြဲတမ်းဂိုးသွင်းနိုင်ပါတယ်။ ဒါကြောင့် ခံစားချက်က ရောထွေးနေပါတယ်။ ကွင်းထဲမှာ ကျွန်တော်တို့ကစားတာကောင်းတယ်လို့ ထင်ပါတယ်”လို့ ဒမ်ဖရိုင်းက ပြောကြားခဲ့ပါတယ်။

ဒမ်ဖရိုင်းဟာ နယ်သာလန်အသင်းမှာဂိုးပိုသွင်းနိုင်ဖို့ ကြိုးစားနေပြီး လာမယ့်စက်တင်ဘာ ၇ ရက်နေ့မှာ နယ်သာလန်အသင်းဟာ လစ်သူယေးနီးယားအသင်းနဲ့ကစားရမှာဖြစ်ပါတယ်။