The network connection is lost.

Banner Image

ဗီလာစတားကို မျက်စိကျနေတဲ့ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်

သတင်းတွေအရ ရီးရဲလ်အသင်းဟာ ဂိုးသမားနေရာအတွက် ဗီလာဂိုးသမား မာတီနက်ဇ်ကို မျက်စိကျနေတယ်လို့ သိရပါတယ်။ ဗီလာကို ၂၀၂၀ ပြောင်းလာပြီးကတည်းက မာတီနက်ဇ်ဟာ လက်စွမ်းကောင်းတွေပြသထားနိုင်ခဲ့သလို အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

အာဂျင်တိုင်းသားဟာ ဖီဖာအကောင်းဆုံးဂိုးသမားဆု ၂ ကြိမ်အပြင် ကမ္ဘာ့ဖလားရွှေလက်အိတ်ဆုကိုပါရယူထားနိုင်ခဲ့ပါတယ်။ တည်ငြိမ်တဲ့လက်စွမ်းရှိနေပေမယ့် အသက်အရွယ်က ၃၂ နှစ်ထဲရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဘာမင်ဂမ်မေးလ်သတင်းဌာနရဲ့အဆိုအရ မာတီနက်ဇ်ကို ဆော်ဒီလိဂ်ကလည်း စိတ်ဝင်စားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

တကယ်လို့ လာမယ့် ၂၀၂၅ မှာသာ အိုလ်ဆင်ထွက်ခွာခဲ့ရင် နံပတ် ၁ ဂိုးသမားကို ရှာဖွေဖွယ်ရှိနေပါတယ်။ ဗီလာဘက်ကလည်း မာတီနက်ဇ်နေရာအတွကက် လူနင်ကို ခေါ်ယူဖွယ်ရှိနေတယ်လို့သိရပါတယ်။ ယူကရိန်းသားဟာ လက်ရှိရီးရဲလ်မှာ ကော်တိုရစ်ရဲ့နောက် အရန်အဖြစ် ပါဝင်ခွင့်ရရှိနေတာဖြစ်ပါတယ်။ လူနင် နဲ့ ရီးရဲလ်တို့ကြား စာချုပ်သက်တမ်းက ၂၀၃၀ အထိရှိနေပေမယ့် တကယ်လို့ ဗီလာဘက်က ပုံမှန်ပွဲထွက်ခွင့်ပေးမယ်ဆိုရင် ပရီးမီးယားလိဂ်ကိုပြောင်းလာနိုင်ချေများနေပါတယ်။