The network connection is lost.

Banner Image

ယိုကိုဟားမားအသင်းနဲ့အတူ မအောင်မြင်ခဲ့တဲ့ ခြေစွမ်းစမ်းသပ်မှုတစ်ခုအကြောင်း ထုတ်ပြောပြလာတဲ့ အန်ဒို

ယမန်နေ့(ဗုဒ္ဓဟူးနေ့)မှာ လီဗာပူးကစားသမားအဖြစ် မွေးရပ်မြေကလပ်အသင်းနဲ့ ပြန်လည်ရင်ဆိုင်ခဲ့တဲ့ အန်ဒိုက အတိတ်ကာလ၊ ခြေစွမ်းစမ်းသပ်မှုတစ်ခုအပြီး ဂျေလိဂ်ကလပ်ယိုကိုဟားမားအက်ဖ်အမ်ဆီ မပေါင်းပူးနိုင်ခဲ့ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ယိုကိုဟားမားအက်ဖ်အမ်ကို ပရီးမီယားလိဂ်ချန်ပီယံတွေ ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်ဟာ အန်ဒိုအတွက် သူ့ရဲ့မိခင်နိုင်ငံမှာ လီဗာပူးဂျာစီဝတ်ဆင်ကစားရတဲ့ ပထမဆုံးပွဲစဉ် ဖြစ်လာခဲ့ပါတယ်။

လီဗာပူးအသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် အသက်-၃၂ နှစ်အရွယ်ကစားသမားက “ ယိုကိုဟားမားအက်ဖ်အမ်ကို ကျွန်တော် အမှန်တကယ်အားပေးခဲ့ပါတယ်။ ဒီကလပ်အသင်းနဲ့ ခြေစွမ်းစမ်းသပ်မှုတစ်ခုပြုလုပ်ဖို့ သွားခဲ့ပေမယ့် ဒီကလပ်အသင်းဆီ မပူးပေါင်းနိုင်ခဲ့ပါဘူး။ အခုအချိန်မှာတော့ ကျွန်တော်က လီဗာပူးကစားသမားအဖြစ် ဒီနေရာဆီ ပြန်ရောက်ရှိလာခဲ့ပါပြီ။ ဒါ အိပ်မက်တစ်ခုအမှန်တကယ်ဖြစ်ပေါ်လာတဲ့ အခိုက်အတန့်ပါပဲ”လို့ ပြောပါတယ်။

အန်ဒိုက သူ့ရဲ့စီနီယာကစားသမားဘဝကို ယိုကိုဟားမားမြို့နဲ့  ၃၀ ကီလိုမီတာကွာဝေးတဲ့ ဟီရတ်ဆူကာမြို့အခြေစိုက် Shonan Bellmare ကလပ်အသင်းမှာ စတင်ခဲ့ပါတယ်။ သူက ၂၀၂၃ ခုနှစ်၊ လီဗာပူးဆီ မပြောင်းရွှေ့မီ ဘွန်ဒက်စ်လီဂါကလပ်စတုဂတ်အတွက် ကစားပေးခဲ့ပါတယ်။ အခုရာသီကြိုခြေစမ်းပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်အတွင်း လူစားလဲလှယ်မှုတစ်ခုမှာ အန်ဒိုက ဗန်ဒိုက်ရဲ့လီဗာပူးကပ္ပတိန်လက်ပတ်ကို ဆက်ခံခဲ့ပါတယ်။

အန်ဒိုက “ ဒါဟာ ခမ်းနားကြီးကျယ်လှတဲ့ အပြုအမူတစ်ခုလို့ ထင်ပါတယ်။ ဂျပန်ပြည်သူတွေအားလုံးလည်း ကျွန်တော့်ကို ကပ္ပတိန်ဖြစ်စေချင်လိမ့်မယ်လို့ ထင်ပါတယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ လီဗာပူးက သူတို့ရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုကာကွယ်ရေးခရီးစဉ်ကို သြဂုတ် ၁၅ ရက်၊ အိမ်ကွင်းမှာ ဘုန်းမောက်ကို ဧည့်ခံကစားရင်း စတင်သွားပါမယ်။