
အာမိုရင် အနေနဲ့ မည်သည့် တိုက်စစ်မှူးကို ခေါ်ယူသင့်ကြောင်း ပြောကြားလိုက်တဲ့ ဖာဒီနန်
ရီယို ဖာဒီနန် က ၎င်း၏ ကလပ်ဟောင်း ယူနိုက်တက် ကို ဗစ်တာရောကရက်စ် အစား ဗစ်တာ အိုဆီမန် ကို ခေါ်ယူရန် တိုက်တွန်းခဲ့ပါတယ်။ Mirror Sport နှင့် အင်တာဗျူးတစ်ခုတွင် ဖာဒီနန် က အသက် ၂၆ နှစ်အရွယ် နိုင်ဂျီးရီးယား ကစားသမားကို ယူနိုက်တက် ရဲ့ ရှေ့တန်း ဂိုးသွင်းအား နည်းပါးမှုကို ဖြေရှင်းရန် မှန်ကန်တဲ့ ဖြေရှင်းချက်အဖြစ် ချီးကျူးခဲ့ပါတယ်။ ယူနိုက်တက် ဂန္တဝင်ရဲ့ အဆိုအရ အိုဆီမန် ရဲ့ ပြင်သစ် ၊ အီတလီ နှင့် တူရကီ တို့မှ စံချိန်မှတ်တမ်းများက ၎င်းအား ပိုမိုသက်သေပြနိုင်တဲ့ ကစားသမား ဖြစ်စေခဲ့ပါတယ်။
နာပိုလီ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ဂါလာတာဆာရေး တွင် ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၄၅ ပွဲ၌ ၃၇ ဂိုး သွင်းယူခဲ့ပါတယ်။ ထိုရလဒ်ဟာ ၂၀၂၄-၂၅ ရာသီတွင် အတွေ့အကြုံမရှိသေးတဲ့ ရာစ်မတ်စ် ဟွိုက်လန်း နှင့် ဂျိုရှူအာ ဇက်ဇ်ဇီး နှစ်ဦးပေါင်း သွင်းယူခဲ့တဲ့ လိဂ်ဂိုး ၇ ဂိုးထက် များစွာ သာလွန်နေပါတယ်။ ယူနိုက်တက် ဟာ အိုဆီမန် အပေါ် စိတ်ဝင်စားမှုကို ပြန်လည်စတင်ခဲ့သော်လည်း ရောကရက်စ် ကိုခေါ်ယူဖို့ အတွက် အာဆင်နယ် နှင့် ပြိုင်ဆိုင်နေရကြောင်း ခန့်မှန်းရပါတယ်။
ဆွီဒင် တိုက်စစ်မှူးတွင် ပေါင် ၈၅ သန်း လျော်ကြေးရှိတယ်လို့ သတင်းထွက်နေချိန်တွင် ရဲ့ အိုဆီမန် အတွက် ပေါင် ၆၃ သန်း တောင်းဆိုမှုကို အယ်လ်ဟီလာလ် က ပေးချေလိုနေတာပါ။ နိုင်ဂျီးရီးယား ကစားသမားက အရှေ့အလယ်ပိုင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်း မရှိဘဲ ယူနိုက်တက် အတွက် လမ်းဖွင့်ပေးခဲ့ပါတယ်။
"ယူနိုက်တက်က အတွေ့အကြုံရှိတဲ့ အထောင်တိုက်စစ်မှူး တစ်ဦးလိုအပ်ပါတယ်။ ဒါပါပဲ ယူနိုက်တက် က ကစားသမားတွေ အများကြီး ခေါ်နိုင်ပြီး အများကြီး ရနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဟွိုက်လန်းက ပိုက်ဆံအများကြီးနဲ့ ရောက်လာပြီး ကောင်းကောင်း မစတင်နိုင်ခဲ့ပါဘူး၊တကယ်ကို ရုန်းကန်ခဲ့ရတယ်ဆိုတာ ထင်ရှားနေပါတယ်"
"ဒါကြောင့် ကောင်းတဲ့အသင်းတွေ အားလုံးမှာ သင်မြင်ရတဲ့သူမျိုး လိုအပ်တယ်လို့ ထင်ပါတယ်။ သူတို့မှာ တိုက်စစ်ကစားသမားတွေထဲက အနည်းဆုံး တစ်ယောက်တော့ ရှိတတ်ပါတယ် များသောအားဖြင့် နံပါတ် ၉ ပေါ့။ ပြီးတော့ ဟုတ်ပါတယ် သူ့ကို မှီခိုနိုင်တယ်။ သူ့ကို အားကိုးနိုင်ပါတယ်"
"ဟွိုက်လန်းရဲ့ အတွေ့အကြုံ နည်းပါးမှုက ကြီးမားတဲ့ အချက်တစ်ချက် ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါကြောင့် တိုက်စစ်မှူး၊ ဘယ်တိုက်စစ်မှူးမဆို မလိုချင်ပါဘူး။ ကျွန်တော် ပေါ့ဒ်ကတ်စ်မှာ အကြိမ်များစွာ ပြောခဲ့ဖူးတယ်လို့ ထင်ပါတယ်။ အတွေ့အကြုံရှိတဲ့ တိုက်စစ်မှူး၊ ဘောလုံးကွင်းထဲမှာ သူ့လမ်းကြောင်း မှန်ကန်တာကို သိတဲ့သူ၊ ဟွိုက်လန်း၊ ဇက်ဇ်ဇီးနဲ့ ချီဒိုအိုဘီလို သူတို့ ရင်းနှီးမြှုပ်နှံထားတဲ့ လူငယ်တွေ သင်ယူနိုင်တဲ့သူမျိုး လိုအပ်တယ်လို့ ထင်ပါတယ်" လို့ ဖာဒီနန် က ပြောပါတယ်။
ရောကရက်စ်အကြောင်းကို သူက "ရောကရက်စ် အကြောင်း လူတိုင်း ပြောနေကြတယ်လို့ ထင်ပါတယ်။ ထပ်ပြောရရင် အခု စျေးကွက်ကို ကြည့်ပြီး သူ့ကို ဒါမှမဟုတ် အိုဆီမန် ကို ရွေးရမယ်ဆိုရင် အတွေ့အကြုံကြောင့် အိုဆီမန် ကို ရွေးချယ်မှာပါ"
"သူက အခု လိဂ်ပေါင်းစုံမှာ လုပ်ပြခဲ့ပြီးပါပြီ။ နိုင်ငံတကာမှာလည်း လုပ်ပြခဲ့ပါတယ်။ သူက ထိပ်တန်း နံပါတ် ၉ တစ်ယောက်လို့ ထင်ပါတယ်၊ ထပ်ပြောရရင် လူငယ်ကစားသမားတွေ သင်ယူနိုင်မယ့်သူပါ။ ရောကရက်စ် မအောင်မြင်ဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော် ရွေးချယ်စရာ ရှိရင် အဲဒီကို သွားမယ်လို့ ပြောနေတာပါ" လို့ ပြောပါတယ်။
ရောကရက်စ် ဟာ နောက်ဆုံးမှာ မန်ချက်စတာ မှာပဲ ဖြစ်ဖြစ်၊ လန်ဒန် မှာပဲ ဖြစ်ဖြစ် ရောက်ရှိသွားသည်ဖြစ်စေ၊ ဆွီဒင် ကစားသမားရဲ့ အနာဂတ်ဟာ အင်္ဂလန် မှာ ရှိနေပုံရပါတယ်။ ယူနိုက်တက် က သူ့ကို ခေါ်ယူဖို့ အာဆင်နယ် ကို မကျော်နိုင်ဘူးဆိုရင်၊ သူတို့မှာ အိုဆီမန် လို ကောင်းမွန်တဲ့ ဒုတိယ ရွေးချယ်စရာ ရှိနေပါတယ်။ သူဟာ ဘယ်လိဂ်မှာပဲ ရှိနေပါစေ ဥရောပရဲ့ ဂိုးအသွင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သူ့ရဲ့ ဂုဏ်ပုဒ်ကို ခိုင်မာအောင် လုပ်ဆောင်ထားပြီးသား ဖြစ်ပါတယ်။