The network connection is lost.

Banner Image

ဘာစီလိုနာစတားကို ယူရိုသန်း ၄၀ နဲ့ ကမ်းလှမ်းထားတဲ့ ချဲလ်ဆီး

သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာကွင်းလယ် လိုပက်ဇ်ကိုခေါ်ယူဖို့ ယူရိုသန်း ၄၀ နဲ့ ကမ်းလှမ်းထားပြီး အပြောင်းအရွှေ့နောက်ဆုံးရက်မှာ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လိုပက်ဇ်ဘက်ကတော့ ချဲလ်ဆီးထက် အသင်းမှာပဲဆက်နေဖို့ ဆုံးဖြတ်ထားတယ်လို့ အပြောင်းအရွှေ့အကျော်အမော် ရိုမာနိုက အတည်ပြုပါတယ်။

ချဲလ်ဆီးဘက်က အသက် ၂၂ နှစ်သားကို ယူရိုသန်း ၄၀ + အပိုဆုကြေးတွေနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။  ဒါပေမယ့် ကစားသမားကိုယ်တိုင်က ဘာစီလိုနာမှာပဲဆက်နေဖို့ ရွေးချယ်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဘက်က လိုပက်ဇ်ကို အသည်းအသန်စိတ်ဝင်စားခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဟာ လက်ရှိကွင်းလယ် နဲ့ တိုက်စစ်နေရာတွေအတွက် အိုလ်မို ၊ ရာဖင်ဟာ နဲ့ ရက်ရှ်ဖို့ဒ်တို့ရှိနေတာကြောင့် လိုပက်ဇ်အနေနဲ့ ပွဲထွက်ခွင့်အတွက် ရုန်းကန်ရနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာတာဝန်ရှိသူတွေ နဲ့ အားကစားဒါရိုက်တာ ဒေကိုတို့ကတော့ ကစားသမားကိုအသင်းမှာ ဆက်ထိန်းထားချင်ခဲ့တာဖြစ်ပြီး ဆွေးနွေးမှုမလုပ်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဘက်က ချဲလ်ဆီးရဲ့ကမ်းလှမ်းမှုကိုအကြောင်းမပြန်ခဲ့သလို ချဲလ်ဆီးဘက်က ကမ်းလှမ်းမှုဟာ သူတို့သတ်မှတ်တဲ့တန်ကြေးထက်နည်းပါးတယ်လို့ ယူဆနေပါတယ်။ ဘာစီလိုနာဘက်က လိုပက်ဇ်အတွက် ပေါင် ၇၈ သန်းအထိ အလိုရှိနေပြီး အဆိုပါပမာဏလောက်မျိုးရမှသာ လက်ခံစဉ်းစားဖွယ်ရှိနေပါတယ်။ အခုချိန်မှာတော့ လိုပက်ဇ်အနာဂတ်က အသင်းမှာဆက်ရှိနေတော့မှာဖြစ်ပြီး စာချုပ်သက်တမ်းကလည်း ၂၀၂၉ မတိုင်ခင်အထိ ရှိနေသေးတာဖြစ်ပါတယ်။

လက်ရှိမှာကစားသမားက စပိန်အသင်းနဲ့အတူပူးပေါင်းနေကာ ချဲလ်ဆီးအနေနဲ့ အပြောင်းအရွှေ့မပိတ်ခင် အခြားပစ်မှတ်ကိုသာ ပြောင်းလဲရဖွယ်ရှိနေပါတယ်။ ဗယ်လက်ကာနိုအသင်းကို ၁-၁ သရေကျခဲ့ပြီးနောက် နိုင်ငံတကာရက်သတ္တပတ်အပြီး ဗလန်စီယာနဲ့အဝေးကွင်းပွဲမှာ အနိုင်ကန်ဖို့ ပစ်မှတ်ထားနေပါတယ်။