The network connection is lost.

Banner Image

ကစားသမားဘဝကနေအနားယူချိန်မှသာ စိတ်အေးနိုင်မယ်လို့ အခိုင်အမာဆိုလာတဲ့ ယူနိုက်တက်စတား

အက်သလက်တစ်အသင်းကို ၃-၀ နဲ့အနိုင်ရယူနိုင်ခဲ့ပြီးနောက် ယူနိုက်တက်အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က သူ့အနေနဲ့ ကစားသမားဘဝကနေအနားယူချိန်မှသာ စိတ်အေးလက်အေးနေနိုင်မယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ နှစ်အစတည်းက ဖိအားတွေအများအပြားနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အခုရာသီမှာလည်း လူအင်အားဖြည့်တင်းမှုအများအပြားလုပ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထင်ထားသလိုဖြစ်မလာခဲ့ပဲ ဖာနန်ဒက်စ်ကလည်း ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ ယူနိုက်တက်စတားတွေထဲကတစ်ဦးဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပေမယ့် ယူနိုက်တက်ဟာ ယူရိုပါလိဂ်မှာ အခြေအနေကောင်းနေပြီး ပထမအကျော့အဖြစ် ဘီလ်ဘာအိုအသင်းကို ၃-၀ နဲ့အနိုင်ယူထားနိုင်ခဲ့ပါတယ်။
အခုချိန်မှာလည်း ဖာနန်ဒက်စ်က ယူနိုက်တက်အတွက်ကစားပေးရတာက ဖိအားတွေများတယ်လို့ ဝန်ခံပြောကြားခဲ့သလို ကစားသမားဘဝကနေအနားယူချိန်မှသာ စိတ်အေးနိုင်မယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

“စပို့တင်းက ကြီးမားတဲ့အသင်းပါ။ ဒါပေမယ့် ယူနိုက်တက်က ကမ္ဘာလုံးဆိုင်ရာအသင်းဖြစ်သလို အာရုံစိုက်တဲ့သူတွေများပါတယ်။ ပြီးတော့ ဖိအားတွေလည်း များပါတယ်။ ကျွန်တော် ဖိအားတွေကို ခံစားမိပါတယ်။ အဲ့တာက ဘောလုံးမှာကောင်းတဲ့အရာပါ။ ကျွန်တော်တို့ အဲ့တာကို နှစ်သက်ပါတယ်။ ကစားသမားဘဝကုန်ဆုံးချိန်မှာတော့ အဲ့တာတွေကနေ လွတ်မြောက်မှာပါ။ ကျွန်တော်သေဆုံးချိန်မှာ ကျွန်တော့်အတွက် အနားယူဖို့ အချိန်အများကြီးရမှာပါ။ ကျွန်တော့်အသက် ၃၀ နားရောက်နေပြီဆိုတာ သိပါတယ်။ ဒါပေမယ့် အတိအကျတော့ ကျွန်တော်မသိပါဘူး။

အဲ့တာက ကျွန်တော့်ပွဲရဲ့ကြီးမားတဲ့အစိတ်အပိုင်းပါ။ ကျွန်တော် တာဝန်ယူရပါမယ်။ အသင်းက ကျွန်တော့်ကိုဝယ်ယူခဲ့တယ်ဆိုတာ တစ်ရာသီကို ကျွန်တော် ၃၂ ဂိုးသွင်းယူနိုင်တာကြောင့်ပါ”လို့ ဖာနန်ဒက်စ်က ဖြေကြားခဲ့ပါတယ်။