The network connection is lost.

Banner Image

ရုန်းကန်နေရတဲ့ လီဗာပူးအသင်းမှာ ခက်ခဲတဲ့အခိုက်အတန့်တွေအကြောင်း ပြောပြလာတဲ့ ဖလော်ရီယန်ဝစ်ဇ်

လီဗာပူးကွင်းလယ်လူ ဖလော်ရီယန်ဝစ်ဇ်က ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ကာလအကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဂျာမနီလက်ရွေးစင်ကစားသမားဟာ ဗုဒ္ဓဟူးနေ့က ဆန်းဒါးလန်းနဲ့ ၁-၁ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအတွက် ချေပဂိုးသွင်းယူခဲ့ပေမဲ့ ပရီးမီးယားလိဂ်က မူကီလီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ပွဲအပြီး သတင်းထောက်တွေကို ပြောကြားရာမှာ ဝစ်ဇ်က လီဗာပူးအသင်းဟာ ခက်ခဲတဲ့ ကာလကို ဖြတ်သန်းနေရတယ်လို့ ဝန်ခံခဲ့ပေမဲ့ အကောင်းမြင်စိတ်ရှိနေခဲ့ပါတယ်။ ဝစ်ဇ်က"ပထမဆုံးအနေနဲ့ ကျွန်တော့်ကို အသင်းက အရမ်းကြိုဆိုခဲ့ပါတယ်။ ဒါက အရမ်းကောင်းတဲ့အသင်းတစ်သင်းဖြစ်ပြီး ကျွန်တော် ဒီမှာရှိရတာ အရမ်းပျော်ပါတယ်။

ဟုတ်ပါတယ်၊ ပြီးခဲ့တဲ့သီတင်းပတ်တွေက ကျွန်တော်တို့အသင်းအတွက် ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြန်ကောင်းလာဖို့အတွက် မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်နေပါပြီ။ ကျွန်တော်တို့ ပြန်ကောင်းလာဖို့နဲ့ ပွဲနိုင်ဖို့ အရာအားလုံးကို လုပ်နေပါတယ်။ ဒီနေ့ပွဲကို အနိုင်ရချင်ခဲ့ပါတယ်။ ကျွန်တော်တို့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိချင်ပါတယ်။ ဆက်ပြီးကြိုးစားလုပ်ဆောင်ရပါမယ်။ အခြေအနေတွေ ပြောင်းလဲလာမယ်လို့ မျှော်လင့်ပါတယ်"လို့ ပြောခဲ့ပါတယ်။