The network connection is lost.

Banner Image

နိုင်ငံအသင်းဖော်ကိုခေါ်ယူဖို့ အာဆင်နယ်ကို တိုက်တွန်းနေတဲ့ ဂါဘရီရယ်

သတင်းတွေအရ အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်တစ်ယောက် နိုင်ငံအသင်းဖော် ရိုဒရီဂိုကိုခေါ်ယူဖို့ အသင်းကိုတိုက်တွန်းနေတယ်လို့ သိရပါတယ်။ ဘရာဇီးသားဟာ လာမယ့်ရာသီရီးရဲလ်အသင်းမှာဆက်ရှိဖို့ မသေချာသေးတာဖြစ်ပြီး အသင်းပြောင်းနိုင်ချေရှိနေတာဖြစ်ပါတယ်။ ရီးရဲလ်မှာ အသင်းဖော်တွေဖြစ်တဲ့ ဘာပေ ၊ ဗင်နီတို့နောက်မှသာ ကန်နေရတာကြောင့် စိတ်ျပက်နေတယ်လို့လည်း သိရပါတယ်။

အသက် ၂၄ နှစ်သားကို အာဆင်နယ်အပြင် အခြားထိပ်တန်းအသင်းတွေဖြစ်တဲ့ ယူနိုက်တက် နဲ့ ချဲလ်ဆီးတို့ကလည်း စိတ်ဝင်စားနေပါတယ်။ အာဆင်နယ်က ဈေးကွက်ထဲမှာ ပိုလှုပ်ရှားနေပြီး လက်ရှိမှာတိုက်စစ်မှူးကို ဦးစားပေးခေါ်ယူနေပါတယ်။ နောက်ခံလူ ဂါဘရီရယ်ကတော့ အာဆင်နယ်အနေနဲ့ တောင်ပံနေရာအတွက် နိုင်ငံအသင်းဖော်ကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

“သတင်းတွေတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ကျွန်တော်သဘောကျပါတယ်။ သူက အံ့ဖွယ်ကစားသမားပါ။ ကျွန်တော်လူတွေကိုပြောပြီးပါပြီ။ တကယ်လို့ သူ့ကိုခေါ်ယူနိုင်မယ်ဆိုရင် တကယ်အကျိုးရှိလာနိုင်မှာပါ”လို့ အင်တာဗျူးတစ်ခုမှာ ဂါဘရီရယ်က ဖြေကြားခဲ့ပါတယ်။ အာဆင်နယ်အတွက် ပြဿနာက ညာတောင်ပံမှာ ဆာကာရှိနေသလို ဘယ်တောင်ပံမှာလည်း မာတီနယ်လီရှိနေတာကြောင့် ရိုဒရီဂိုကိုခေါ်ယူနိုင်
ချက နည်းပါးနေပါတယ်။