The network connection is lost.

Banner Image

ဖိုဒန်က မန်စီးတီးမှာ စိတ်အားထက်သန်မှုတွေပြန်ရလာပြီလို့ ဂွါဒီယိုလာပြော

မန်စီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာက ပြီးခဲ့တဲ့ရာသီကုန်မှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဖီးလ်ဖိုဒန်ဟာ ဘောလုံးကစားဖို့ စိတ်အားထက်သန်မှုတွေပြန်လည်ရရှိလာပြီလို့ယုံကြည်ပြီး ပင်ပန်းနေတဲ့အချိန်မှာတောင် ကစားချင်တယ်လို့ပြောဆိုခဲ့တာက သူ့ရဲ့ခြေစွမ်းကောင်းပြန်လည်ရရှိလာတယ်ဆိုတာကို သက်သေပြနေတယ်လို့ဆိုပါတယ်။

၂၀၂၃-၂၄ ရာသီမှာ သွင်းဂိုး ၂၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်ကာ အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီဇန်နဝါရီလကနေ မေလအထိ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ ဖိုဒန်ဟာ ဒီနှစ်ရာသီမှာ ခြေစွမ်းကောင်းတွေ ပြန်လည်ပြသနိုင်ခဲ့ပြီး ၅ ပွဲကစားရာမှာ ၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ထားပါတယ်။ ဟက်ဒါဖီးလ်အသင်းကို ကာရာဘောင်ဖလားမှာ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း တစ်ဂိုးသွင်းယူပြီး တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဂွါဒီယိုလာက "ဖီးလ်က အသက် ၁၇ နှစ်ကတည်းက ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ခန်းစလုပ်ကတည်းက တာဝန်သိတဲ့စိတ်ဓာတ်ရှိခဲ့ပါတယ်" လို့ပြောပါတယ်။ မန်စီးတီးနဲ့ အာဆင်နယ်တို့ ၁-၁ ဂိုး သရေကျခဲ့တဲ့ပွဲစဉ်မှာ ဖိုဒန်ရဲ့စိတ်အားထက်သန်မှုကိုလည်း အမှတ်ရစေခဲ့ပါတယ်။  "လူတိုင်းက ပင်ပန်းနေကြတဲ့အချိန်မှာ... အဲဒီအချိန်မှာ ဖီးလ်က 'ကျွန်တော်ထပ်ကစားချင်သေးတယ်' လို့ပြောခဲ့တယ်။ ဒါကသူအဆင်သင့်ဖြစ်နေပြီဆိုတာကို ပြသနေတာပါ"လို့ ဂွါဒိုလာက ဆိုပါတယ်။ မန်စီးတီးအသင်းဟာ ယနေ့ည တန်းတက် ဘန်လေနဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။