The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်တွေအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အခုအပတ်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ၂ ပွဲဟာ တကယ့်ကိုမယုံကြည်နိုင်စရာကောင်းလွန်းတယ်လို့ ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ကတော့ အိမ်ကွင်းမှာ ပီအက်စ်ဂျီကို ဒမ်ဘီလီရဲ့တစ်လုံးတည်းသောဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒုတိယပွဲစဉ်အဖြစ် ဘာစီလိုနာ နဲ့ အင်တာကတော့ ၃-၃ သရေကျခဲ့ပါတယ်။

အင်တာဟာ ဒုတိယအကျော့ကို ဆန်စီရိုမှာ ဧည့်ခံရမှာဖြစ်ပြီး အာဆင်နယ်ကတော့ ဒုတိယအကျော့ကို ပီအက်စ်ဂျီအိမ်ကွင်းမှာ ကန်ရမှာဖြစ်ပါတယ်။ အင်တာနဲ့ဘာစီလိုနာပွဲအနေအထားကို ဂွါဒီယိုလာက “ဘယ်လောက်တောင်ကောင်းတဲ့ပွဲလဲဆိုပြီး ကျွန်တော် အံ့အားသင့်မိပါတယ်။ ဒီလိုပွဲမျိုးတွေမှာ ကွင်းတွေက ဘယ်တော့မှနေရာလွတ်ဆိုတာ မရှိပါဘူး။ ပြီးတော့ ကျွန်တော်တို့ စီးပွားရေးလည်း တိုးတက်လာပါတယ်။

ဒီဆီမီးဖိုင်နယ် ၂ ပွဲစလုံးက မယုံကြည်နိုင်စရာကောင်းလွန်းပါတယ်။ အထူးသဖြင့် မနေ့ကပွဲပါ။ ဘာစီလိုနာကစားချိန်မှာ ကွင်းထဲမှာပရိသတ်မပြည့်ဘူးဆိုတာ ဘယ်တုန်းကမှမရှိခဲ့ပါဘူး။
ဒီစီးပွားရေးက ဒါကြောင့်အချိန်အတော်ကြာရှိနေတာပါ။ ရလဒ်က ဘယ်လိုထွက်ထွက် လူတွေက ဘာစီလိုနာကိုချစ်ပါတယ်။ ကျွန်တော်တို့ချန်ပီယံလိဂ်ရတုန်းက အင်တာက တကယ်ကောင်းခဲ့သလို အခုလည်း သက်သေထပ်ပြနေပါတယ်။

သူတို့ခံစစ်ကနေ တိုက်စစ်ပြောင်းတာအပြင် ရုပ်ပိုင်းဆိုင်ရာကော စုစည်းမှုကော ကောင်းပါတယ်။ အင်ဇာဂီကလည်း တကယ်ကောင်းတဲ့နည်းပြတစ်ဦးပါ။ လာမယ့်ဒုတိယအကျော့ကလည်း ပိုကောင်းလာဦးမှာပါ။ ဒီအသင်း ၄ သင်းက ဒီနေရာနဲ့ထိုက်တန်လို့ကို ရောက်လာကြတာပါ”လို့ ဂွါဒီယိုလာက ဖြေကြားခဲ့ပါတယ်။