The network connection is lost.

Banner Image

လီဗာပူးလူငယ်စတားကို ချီးကျူးလိုက်တဲ့ အာဆင်နယ်ဂန္ထဝင်ဟောင်း အွန်နရီ

နယူးကာဆယ်ကို ၂-၃ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟီးရိုးဖြစ်ခဲ့တဲ့ လီဗာပူးလူငယ်စတား ရီယိုရဲ့စွမ်းဆောင်ရည်ကို အာဆင်နယ်ဂန္ထဝင်ဟောင်း အွန်နရီက ချီးကျူးလိုက်ပါတယ်။

ဆယ်ကျော်သက်စတားလေးဟာ လီဗာပူးအသင်းသမိုင်းတစ်လျှောက်အသက်အငယ်ဆုံးဂိုးသွင်းနိုင်တဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။ လီဗာပူးအသင်းဟာ နယူးကာဆယ်ကို တစ်ယောက်အသာနဲ့ကစားခဲ့ရပြီး ၂ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမယ့် နယူးကာဆယ်ဘက်က ပြန်လည်တုံ့ပြန်မှုကြောင့် ၂-၂ သရေကျခဲ့တာဖြစ်ပါတယ်။

အဲ့နောက် ရီယိုက လီဗာပူးအသင်းအတွက် ပွဲဦးထွက်ပါဝင်လာခဲ့ပြီး အသင်းအတွက် အရေးပါတဲ့အဖိုးတန်အနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။ အွန်နရီကတော့ ရီယိုရဲ့ခြေစွမ်းကို အလျင်အမြန်သဘောကျခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် ရီယိုနဲ့ပတ်သက်ပြီး ဘာကိုကြိုက်လဲဆိုရင် သူဝင်လာလာချင်းမှာပဲ တစ်ဦးချင်းကျော်ဖြတ်တာကော ၃ ယောက် ၁ ယောက် ကျော်ဖြတ်တာကောလုပ်နိုင်ပါတယ်။

သူက ဘယ်သူ့ကိုမှဂရုမစိုက်ပါဘူး။ ဘောလုံးကို သူ့စိတ်အလိုကျသယ်ဆောင်နိုင်သလို အခွင့်အရေးရလာချိန်မှာလည်း အသုံးချနိုင်ခဲ့ပါတယ်။ အခုတော့ သူ့ကိုယ်သူမိတ်ဆက်နိုင်ခဲ့ပါပြီ။ အဆုံးသတ်ပိုင်းကိုကြည့်လိုက်ချိန်မှာလည်း သူက အချိန်အတော်ကြာကစားထားတဲ့ကစားသမားလိုထင်ရပါတယ်။
ကွင်းထဲဝင်လာလာချင်းမှာပဲ သူကပွဲကိုပြောင်းလဲပေးနိုင်ပါတယ်”လို့ အွန်နရီက ပြောကြားလိုက်ပါတယ်။ 

လီဗာပူးဂန္ထဝင်ဟောင်း ကာရေဂါကလည်း ရီယိုရဲ့စွမ်းဆောင်ရည်ကို သဘောကျနေပါတယ်။
“ဒီကောင်လေးက ရာသီကြိုခရီးစဉ်မှာကတည်းက လီဗာပူးပရိသတ်တွေ မြင်တွေ့ချင်နေတဲ့ကောင်လေးပါ။ အခုတော့ သူ့ကိုယ်သူဘယ်လိုကစားသမားလဲဆိုတာပြသနေပါတယ်။ ကြီးမားတဲ့ဖိအား နဲ့ ပရိသတ်ဖိအားကိုလည်း ခံနိုင်ရည်ရှိပါတယ်”လို့ ကာရေဂါက ပြောကြားလိုက်ပါတယ်။

လီဗာပူးနည်းပြ စလော့ကလည်း ရီယိုရဲ့အဆုံးသတ်စွမ်းရည်ကို မအံ့သြမိဘူးလို့ ပြောကြားလိုက်ပါတယ်။ “ဒီလောက်အသက်အရွယ်လေးနဲ့ သူက အကောင်းဆုံးစွမ်းရည်ပြသနိုင်ခဲ့ပါတယ်။ အသက် ၁၆ နှစ်လိုကစားသမားမျိုးဆီကနေ အခုလိုမျိုးခြေစွမ်း ခင်ဗျားမြင်နိုင်ဖို့ ခဲယဉ်းပါတယ်။ သူက ယုံကြည်မှုရှိသလို ပထမဆုံးဘောလုံးရချိန်မှာလည်း သက်ရောက်မှုပေးစွမ်းနိုင်ပါတယ်။ သူ့အတွက် အခုလိုဂိုးသွင်းနိုင်တာက တိုက်ဆိုင်မှုမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူက အရမ်းကောင်းတဲ့အဆုံးသတ်စွမ်းရည်ရှိတဲ့သူပါ”လို့ စလော့က ပြောကြားခဲ့ပါတယ်။

ဆယ်ကျော်သက်စတားလေးဟာ ပြီးခဲ့တဲ့နှစ်တုန်းက ချဲလ်ဆီးထံကနေ လီဗာပူးထံပြောင်းလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီအက်ဖ်အေဖလားမှာ အသင်းအတွက် ပွဲဦးထွက်ပါဝင်ခွင့်ရခဲ့သလို နယူးကာဆယ်နဲ့ပွဲက သူ့ကစားသမားဘ၀ ပထမဆုံးပရီးမီးယားလိဂ်ပွဲဖြစ်လာခဲ့ပါတယ်။