The network connection is lost.

Banner Image

ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့မှာ ပါဝင်နိုင်မှာ မဟုတ်တဲ့ အင်တာမီလန်ရဲ့ အဓိက ကစားသမားတစ်ဦး

ချန်ပီယံလိဂ်ဒုတိယအကျော့အဖြစ် အင်တာနဲ့ရင်ဆိုင်ရမယ့် ဘာစီလိုနာအသင်းမှာ ဒဏ်ရာပြဿနာများစွာ ရှိနေပေမယ့် အီတလီမှာလည်း သူတို့ရဲ့ အဓိက တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်နဲ့ပတ်သက်ပြီး ဒဏ်ရာပြဿနာ ပေါ်ပေါက်နေပါတယ်။ အာဂျင်တီးနား လက်ရွေးစင်ဟာ ဒုတိယပိုင်း အစောပိုင်းမှာ လူစားလဲလိုက်ရပါတယ်။

ပွဲအပြီး Amazon Prime Italia နဲ့ အင်တာဗျူးမှာ အင်တာနည်းပြ ဆီမွန် အင်ဇာဂီက ဒုတိယအကျော့အတွက် တိုက်စစ်မှူး ပြန်လာနိုင်မယ့် အလားအလာနဲ့ပတ်သက်ပြီး အကောင်းမြင်ပုံ မပေါ်ခဲ့ပါဘူး။ "သူ နာကျင်သွားတာကို ခံစားလိုက်ရတယ်၊ ဒါပေမဲ့ သူက ၈ ပွဲဆက်တိုက် ကစားထားခဲ့တာပါ။ ကံမကောင်းစွာနဲ့ ကျွန်တော်မှာ့ သူရမ် မရှိသလို တာရမီလည်း ဒဏ်ရာကနေ ပြန်လာကာ ကျွန်တော် အလှည့်ကျ အသုံးပြုနိုင်ခြင်း မရှိတာကြောင့် ဒီလို ပြဿနာလေးတွေ ရှိခဲ့ပါတယ်။ ၈ ပွဲဆက်တိုက် ကစားတဲ့အခါ ဒဏ်ရာရနိုင်တဲ့ အန္တရာယ်ရှိပါတယ်၊ အရမ်းပြင်းထန်တဲ့ ဒဏ်ရာ မဟုတ်ဘူးလို့ မျှော်လင့်မိပါတယ် ဒါပေမဲ့ ကျွန်တော့်မှာ သံသယအချို့ ရှိနေပါတယ်"

"ဒုတိယအကျော့အတွက် လော်တာရို ပြန်လာဖို့ အရမ်းခက်ခဲပါလိမ့်မယ်။ ကျွန်တော် ဒီမှာ မပြောချင်တဲ့ ဖြစ်ရပ်တွေနဲ့ ရိုးမားနဲ့ပွဲကို ကျွန်တော်တို့ အစွမ်းကုန် ပေးဆပ်ခဲ့တယ်ဆိုတာ ပရိသတ်တွေ နားလည်ပါတယ်။ အင်္ဂါနေ့မှာ ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်မပါဘဲ ကစားရဖို့ များပြီး အဲဒါက ကျွန်တော်တို့အတွက် ဗိုလ်လုပွဲတစ်ခု ဖြစ်နေပါပြီ" လို့ နည်းပြက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ မြောက်အီတလီက ထွက်ပေါ်လာတဲ့ သတင်းတွေကလည်း နောက်ဆက်တွဲအနေနဲ့ သတင်းကောင်းတော့ မဟုတ်ခဲ့ပါဘူး။ Sport ရဲ့ အဆိုအရ မာတီနက်ဇ်ဟာ ကြွက်သားဒဏ်ရာရရှိနေပါတယ်။ သူ့ရဲ့ ဒဏ်ရာ ဘယ်လောက် ပြင်းထန်လဲဆိုတာကို သိရှိနိုင်ဖို့ နောက်ထပ် စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး အင်္ဂါနေ့မှာ သူ ပြန်လာနိုင်ခြေကိုလည်း ပယ်ချထားခြင်း မရှိပါဘူး။ သူဟာ အသင်းရဲ့ဒီပိတ်ရက်မှာကစားမယ့် ဟဲလက်စ် ဗီရိုနာနဲ့ပွဲကို လွဲချော်မှာဖြစ်ပြီး အကယ်၍ ပြင်းထန်ခဲ့ရင် ရာသီကုန်အထိ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။

မာကပ်စ် သူရမ်နဲ့အတူ တိုက်စစ်ပိုင်းမှာ သူ့ရဲ့နေရာကို အစားထိုးနိုင်မယ့် အဓိက ကစားသမားတွေကတော့ မွန်ဂျွိုက်က ဗုဒ္ဓဟူးနေ့ညမှာ မာတီနက်ဇ်ရဲ့နေရာမှာ လူစားဝင်ခဲ့တဲ့ မာကို အနာတိုဗစ် ဒါမှမဟုတ် မေဒီ တာရမီတို့ ဖြစ်နိုင်ပါတယ်။ ဒါဟာ အင်ဇာဂီ အတော်လေးသဘောကျတဲ့ ၃-၅-၂ ကစားကွက်ကို ဆက်လက်ထိန်းသိမ်းသွားနိုင်မှာ ဖြစ်ပါတယ်။ သို့သော်လည်း ပွဲချိန်အပြီးမှာ အင်တာဟာ ဘာစီလိုနာရဲ့ တိုးတက်လာကို ဟန့်တားဖို့ ပီယိုထရ် ဇီလင်စကီအပြင် ကွင်းလယ်ကစားသမား ၄ ဦးနဲ့ ကစားခဲ့ပါတယ်။