The network connection is lost.

Banner Image

ဗော့တမာဒါကို နယူးကာဆယ်က မတန်မဆဈေးနဲ့ဝယ်ယူသွားခဲ့တယ်လို့ ဘိုင်ယန်မြူးနစ်ဝေဖန်

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အကျိုးဆောင်ဥက္ကဌ အူလီဟိုးနက်စ်က နယူးကာဆယ်ဟာ စတုဂတ်တိုက်စစ်မှူး ဗော့တမာဒါကို စတုဂတ်အသင်းထံမှ မတန်မဆဈေးနဲ့ဝယ်ယူသွားခဲ့ကြောင်းနဲ့ ကစားသမားဟာ ယူရိုသန်း ၉၀ မတန်ကြောင်း ပြောကြားလာခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ အသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့နေရာမှာ အစားထိုးနိုင်ဖို့ စတုဂတ်ကြယ်ပွင့်တိုက်စစ်မှူးကို ယခုနွေရာသီကတည်းက ခေါ်ယူဖို့ပြင်ဆင်နေခဲ့တာဖြစ်ပေမယ့် နယူးကာဆယ်က လက်ဦးမှုရယူပြီး ယူရိုသန်း ၉၀ နဲ့ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ယခုအခါမှာတော့ ဘိုင်ယန်မြူးနစ်ဟာ ချဲလ်ဆီးတိုက်စစ်မှူး နီကိုးလက်စ်ဂျက်ဆန်ကိုသာ တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့ရပါတယ်။

SPORT1-Doppelpass နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ဥက္ကဌ ဟိုးနက်စ်က "ဗော့တမာဒါက ယူရိုသန်း ၉၀ မတန်ပါဘူး။ ဒီလိုမျိုးကစားသမားတွေဈေးမြောက်လာတာ ဆော်ဒီအာရေဗျက ငွေတွေ ဥရောပထဲကိုစီးဆင်းလာတာကြောင့်လည်းပါပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီဂန္ထဝင်ကစားသမား လိုသာမားသက်စ်ရဲ့ ဗော့တမာဒါဟာ ယူရိုသန်း ၈၀ ကနေ ၁၀၀ အကြားတန်ကြေးရှိတယ်ဆိုတဲ့ ပြောကြားချက်ကို ဘယ်လိုမြင်သလဲလို့မေးမြန်းခဲ့ရာမှာတော့ ဟိုးနက်စ် ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါဘူး။ နယူးကာဆယ်ဟာ အသင်းရဲ့အဖိုးတန်တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်ကို လီဗာပူးထံ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောင်းချခဲ့တာကြောင့် ဗော့တမာဒါနဲ့ ဝစ်ဆာတို့ကို ခေါ်ယူဖို့ ငွေကြေးအလုံအလောက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဗော့တမာဒါကိုခေါ်ယူနိုင်ခဲ့ခြင်းမရှိတဲ့ ဘိုင်ယန်မြူးနစ်ဟာ ယခုအခါမှာတော့ ကိန်းရဲ့နေရာမှာအစားထိုးဖို့ ဂျက်ဆန်ကိုရရှိထားပြီးဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိအချိန်အထိတော့ ဂျက်ဆန်ဟာ ဘိုင်ယန်မြူးနစ်အတွက် တစ်ကြိမ်မှ ပါဝင်ကစားထားရခြင်းမရှိသေးပါဘူး။